တရုတ်-ပြင်သစ်နှစ်နိုင်ငံအကြား သဘောတူညီမှုသည် လူသားတို့၏ပင်ကိုယ်အသိဉာဏ် ကို ပြဆိုနိုင်ပြီး တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းနိုင်

(GMT+08:00)2024-05-08 13:30:10  

ဒေသစံတော်ချိန် မေလ ၆ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ပြင်သစ် နိုင်ငံသို့ သွားရောက်လည်ပတ်ရာတွင် တရုတ်-ပြင်သစ်နှစ်နိုင်ငံတို့သည် အရှေ့အလယ်ပိုင်း အခြေအနေနှင့်ပတ်သက်သော တရုတ်-ပြင်သစ်ပူးတွဲကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ ပါသည်။ နှစ်ဦးနှစ်ဖက်တို့သည် ပါလက်စတိုင်း-အစ္စရေးအချင်းပွားမှု၊ အီရန်နျူကလီးယား ပြဿနာ၊ ပင်လယ်နီအကျပ်အတည်းစသည့် အရှေ့အလယ်ပိုင်းဒေသက အရေးပေါ် ကိစ္စရပ်များနှင့်ပတ်သက်၍ တူညီသော ရပ်တည်ချက်ကို ရရှိပြီး တူညီသော အသံများ ထွက်လာခဲ့ပါသည်။ ပူးတွဲကြေညာစာတမ်းကို အရေးကြီးသောအချိန်တွင် ထုတ်ပြန်ခြင်း ဖြစ်ကာ လူသားတို့၏ ပင်ကိုယ်အသိဉာဏ်နှင့် တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ တောင်းဆိုချက်များ ကို ပြဆိုပြီး တရုတ်-ပြင်သစ်နှစ်နိုင်ငံမှ ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေးကို ကာကွယ် ထိန်းသိမ်းရန် နိုင်ငံကြီးတာဝန်ယူတတ်မှုကို ဖော်ပြ၍ အရှေ့အလယ်ပိုင်းဒေသတွင် လူအများ အာရုံစိုက်ကြသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် တွန်းအားပေးနေ ပါသည်။
    ပါလက်စတိုင်းပြဿနာမှာ အရှေ့အလယ်ပိုင်း ဒေသ ပြဿနာ၏ အဓိကအချက် ဖြစ်ပါသည်။ ဂါဇာဒေသ ကျန်းမာရေးဌာနမှ ဒေသစံတော်ချိန် မေလ ၇ရက်နေ့က ထုတ်ပြန်ခဲ့သော စာရင်းအရ ဂါဇာဒေသတွင် အစ္စရေးတပ်ဖွဲ့၏ စစ်ရေးဆောင်ရွက်မှုများကြောင့် လူ၃သောင်း ၅ထောင်ခန့် သေဆုံးခဲ့ပြီး လူ၇သောင်း၈ထောင်ခန့် ဒဏ်ရာရရှိခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများနှင့် လွတ်လပ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ပြဌာန်းသော နိုင်ငံကြီးများအဖြစ် တရုတ်-ပြင်သစ်နှစ်နိုင်ငံတို့သည် အရှေ့အလယ်ပိုင်း ပြဿနာနှင့် ပတ်သက်ပြီး ကျယ်ပြန့်သော သဘောတူညီမှုများ ရှိကြပါသည်။ ယခုအကြိမ် ပြင်သစ်ခရီးစဉ်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ပါလက်စတိုင်း-အစ္စရေးပြဿနာကို ကြိမ်ဖန်များစွာ ပြောကြားခဲ့ ပါသည်။ ရှီကျင့်ဖိန် က လောလောဆယ်အရေးတကြီးဖြစ်သည်မှာ အပစ်အခတ် အမြန်ဆုံး ဘက်စုံရပ်စဲရန်ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ပြင်သစ်နိုင်ငံက တရုတ်နိုင်ငံနှင့်အတူ ရင်းနှီးစွာကူးလူးဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်ရန်၊ ဘက်ပေါင်းစုံဝါဒ၊ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်နှင့် နိုင်ငံတကာဥပဒေတို့ကို အတူတကွ ကာကွယ်ထိန်းသိမ်းရန် ဆန္ဒရှိ ကြောင်း ပြောကြားခဲ့ပါသည်။
    ထို့အပြင် တရုတ်-ပြင်သစ်နှစ်နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များသည် ဒေသတွင်း အခြေအနေ တင်းမာလာမှု အန္တရာယ်များကိုလည်း အာရုံစိုက်ကြပါသည်။ ပူးတွဲကြေညာ စာတမ်းတွင် အီရန်နျူကလီးယားပြဿနာကို နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် ထပ်လောင်းအတည်ပြုဖော်ပြပြီး ပင်လယ်နီနှင့် အေတင်ပင်လယ်ကွေ့ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ကာကွယ်ထိန်းသိမ်းရန် အရေးကြီးပုံကို အလေးထား ဖော်ပြကာ အရပ်ဘက်သင်္ဘောများအား တိုက်ခိုက်မှုများကို ချက်ချင်းရပ်စဲရန် ပန်ကြား ခဲ့ ပါသည်။
    ယနေ့ ကမ္ဘာကြီးသည် မတည်မငြိမ် ဖြစ်နေပါသည်။ မတည်မငြိမ်ဖြစ်နေသဖြင့် တရုတ်-ပြင်သစ်နှစ်နိုင်ငံတို့သည် သံတမန်အဆက်အသွယ် ထားရှိသည့်အခါသမယတွင် မူရင်းစိတ်ကို စွဲကိုင်ထားပြီး ပိုမိုကြီးမားသည့် တာဝန်များကို ထမ်းဆောင်ရမည် ဖြစ်ပါသည်။ လာမည့် အနှစ် ၆၀ အတွင်းတွင် တရုတ်- ပြင်သစ် နှစ်နိုင်ငံတို့သည် ဆက်လက်လက်တွဲကြိုးပမ်းဆောင်ရွက်ပြီး ကယောင် ကတမ်းဖြစ်နေသော ကမ္ဘာကြီးအား မျှော်လင့်ချက်များကို အတူတကွထည့်သွင်းပေးကြ မည် ဖြစ်ကာ လူသား တို့၏ တိုးတက်မှုအတွက် စူးစမ်းလေ့လာကြမည် ဖြစ် ပါသည်။