ရှီကျင့်ဖိန်သည် ဘဲဂရိတ်သို့ ရောက်ရှိပြီး ဆားဗီးယားနိုင်ငံ၌ တရားဝင် ခရီးလှည့်လည်

(GMT+08:00)2024-05-08 10:43:27  

 တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆားဗီးယားနိုင်ငံ သမ္မတ Vucic ၏ ဖိတ်ကြားချက်အရ ဆားဗီးယားနိုင်ငံ၌ တရားဝင် ခရီးလှည့်လည်ရန် ဒေသစံတော်ချိန် မေလ ၇ ရက်နေ့ညက အထူးလေယာဉ်ဖြင့် ဘဲဂရိတ်မြို့သို့ ရောက်ရှိခဲ့ပါသည်။

   သမ္မတ Vucic သည် လေဆိပ်၌ ရှီကျင့်ဖိန်အတွက် ထူးခြားချက် ဝိသေသ ပါရှိသော ဧည့် ကြိုပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ဆားဗီးယား ကလေးများသည် ရှီကျင့်ဖိန်နှင့် ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်တို့အား ပန်းများဆက်သကြသည်။ ဆားဗီးယား ပြည်သူများ သည် တရုတ်နှင့် ဆားဗီးယား အလံများကို ဝှေ့ယမ်းပြီး အဆိုအကများဖြင့် ရှီကျင့်ဖိန်တို့အား လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါသည်။

   သမ္မတ ရှီကျင့်ဖိန်သည် မိန့်ခွန်း ထုတ်ပြန်ခဲ့ပြီး မိန့်ခွန်းတွင်၂၀၁၆ ခုနှစ်က နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့သည့် နောက်ပိုင်း နှစ်ဖက် ဆက်ဆံမှုသည် အရှိန်အဟုန်ဖြင့် တိုးတက်လာကာ သမိုင်းဝင် အောင်မြင်မှုများ ရရှိခဲ့ ကြောင်း၊ တရုတ်နှင့် ဆားဗီးယား ဆက်ဆံမှုသည် တန်းတူညီမျှပြီး အပြန်အလှန် အကျိုးရှိစေရေး အခြေခံတွင် မူတည်ကာ နှစ်နိုင်ငံ၏ အရင်းခံ အကျိုးစီးပွားနှင့် ရေရှည် အကျိုးစီးပွားနှင့် ကိုက်ညီပါ ကြောင်း၊ ယခုအကြိမ် ခရီးစဉ်ကို အခွင့်ကောင်း အဖြစ်ထားပြီး သမ္မတ Vucic နှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အခြားသော နှစ်ဖက်စလုံး အလေးထားကြသည့် ရေးရာများနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ကာ ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး အကြောင်းများကို ဆွေးနွေးရန်၊ နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေး အလား အလာကို စီမံကြရန် မျှော်လင့်ပါကြောင်း၊ ယခုအကြိမ် ခရီးစဉ်တွင် အောင်မြင်မှုများ ရရှိပြီး နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်နိုင်ပါမည်ဟု မိမိ ယုံကြည် ပါကြောင်း ဖော်ပြခဲ့ပါသည်။