ရှီကျင့်ဖိန်နှင့် ဆားဗီးယားသမ္မတVucic တို့သည် မီဒီယာများနှင့် တွေ့ဆုံ

(GMT+08:00)2024-05-08 20:55:32  

ဒေသစံတော်ချိန် မေလ ၈ ရက်နေ့ နေ့လယ်ပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘဲဂရိတ်မြို့ရှိ ဆားဗီးယား National Assemblyတွင် ဆားဗီးယား သမ္မတ Vucic နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် မီဒီယာများနှင့် အတူ တွေ့ဆုံခဲ့ကြပါသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ ထိန်းသိမ်းကာကွယ်ရေးတွင် တရုတ်နှင့် ဆားဗီးယားတို့အကြား ချစ်ကြည်ရင်းနှီးမှုကို  ထားရှိခြင်းဖြစ်ကြောင်း၊ ခေတ်သစ်တွင် တရုတ်-ဆားဗီးယား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်းသည် နှစ်ဖက်စလုံးအတွက် မဟာဗျူဟာမြောက် ရွေးချယ်မှုတစ်ခုဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ သာယာကောင်းမွန်သော ဘဝအပေါ် လိုလားတောင့်တမှုကို အကောင်အထည်ဖော်ရန် ရည်ရွယ်ထားကြောင်း၊ တရုတ်ပြည်အနေနှင့် ခေတ်သစ်တွင် တရုတ်-ဆားဗီးယား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်းခရီးစဉ်သစ်ကို စတင်ပြီး နှစ်နိုင်ငံဆက်ဆံမှုကို တောက်ပမှုအသစ်ဖြင့် ဆက်လက် ထွန်းကားလာစေရန်အတွက် ဆားဗီးယားနှင့်အတူ လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က ပြောကြားပါသည်။