ရှီကျင့်ဖိန်သည် ဆားဗီးယားလူအုပ်များကို လက်ဝှေ့ယမ်းပြနှုတ်ဆက်

(GMT+08:00)2024-05-08 20:56:02  

ဒေသစံတော်ချိန် မေလ ၈ ရက်နေ့ နံနက်တွင် ဆားဗီးယားသမ္မတ Vucic သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့်အတူ အစိုးရအဆောက်အအုံပလက်ဖောင်းသို့ လိုက်ပါသွားခဲ့ပါသည်။ အဆောက်အအုံ အရှေ့ရင်ပြင်၌ ဆားဗီးယားလူမျိုး ၁၅၀၀၀ကျော်သည် တရုတ်နှင့် ဆားဗီးယားနိုင်ငံအလံတော်များကို ဝှေ့ယမ်းကာ ရှီကျင့်ဖိန်အား လှိုက်လှဲစွာ ကြိုဆိုကြပါသည်။ ရှီကျင့်ဖိန်သည် ၎င်းတို့အား လက်ဝှေ့ယမ်းပြနှုတ်ဆက်ခဲ့ပါသည်။