ရှီကျင့်ဖိန်သည် ဆားဗီးယား နိုင်ငံ Belgrade Nikola Tesla အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး စာဖြင့် မိန့်ခွန်း ထုတ်ပြန်

(GMT+08:00)2024-05-08 06:20:50  

ဒေသစံတော်ချိန် မေလ ၇ ရက်နေ့ ညတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် အထူးလေယာဉ်ဖြင့် Belgrade Nikola Tesla အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး စာဖြင့် မိန့်ခွန်း ထုတ်ပြန်ခဲ့ပါသည်။ 

ရှီကျင့်ဖိန်ကသမ္မတ Aleksandar Vucic၏ ဖိတ်ကြားချက်အရ ဆားဗီးယား သမ္မတနိုင်ငံသို့ တရားဝင် အလည်အပတ် လာရောက်ခြင်းအတွက် များစွာ ဝမ်းမြောက်မိကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် ဆားဗီးယား နှစ်နိုင်ငံ အကြားနက်ရှိုင်းလေးနက်သော အစဉ်အလာ ချစ်ကြည်ရင်းနှီးမှု ရှိပြီး  နှစ်နိုင်ငံ ဆက်ဆံရေးသည် နိုင်ငံတကာ အခြေအနေ ပြောင်းလဲမှုများ၏စိန်ခေါ်မှုများကို ခံနိုင်ရည်ရှိကာ  နိုင်ငံများအကြား ဆက်ဆံရေးအတွက် စံနမူနာကို စိုက်ထူခဲ့ကြောင်း၊၂၀၁၆ခုနှစ်ကနှစ်နိုင်ငံ အကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို စတင်တည်ထောင်ခဲ့ပြီးကတည်းက နှစ်နိုင်ငံဆက်ဆံရေးသည် ခုန်ပျံကျော်လွှား ဖွံ့ဖြိုးတိုးတက်ရေး ရရှိပြီး သမိုင်းဝင်အောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြောကြားပါသည်။

ထို့အပြင်၊ ရှီကျင့်ဖိန်က သမိုင်းဝင်စမှတ်အသစ်တွင် ရပ်တည်နေခြင်းဖြင့် တရုတ် နိုင်ငံသည် ဆားဗီးယား နိုင်ငံနှင့် အတူ မူလစိတ်ရင်း ရည်ရွယ်ချက်ကို စွဲကိုင်ပြီး လက်တွဲရှေ့သို့ချီတက်ကာ ပိုမိုအားကောင်းသော၊ နယ်ပယ်ပိုမိုကျယ်ပြန့်သော၊ အရည်အသွေးပိုမိုမြင့်မားသော ပူးပေါင်းဆောင်ရွက်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း၊ယခုအကြိမ် ခရီးစဉ်ကို အခွင့်ကောင်းယူပြီး သမ္မတ Vucicနှင့်နှစ်နိုင်ငံဆက်ဆံရေးနှင့် အခြား အတူ အာရုံစိုက်ကြသော ကိစ္စရပ်များနှင့် ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်ပြီး နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံကိန်းကြီးသစ်ကို ရေးဆွဲချမှတ်ရန်မိမိ မျှော်လင့်ကြောင်း၊ ယခုအကြိမ်ခရီးစဉ်တွင်ရလဒ်ကောင်းများစွာ ရရှိပြီး တရုတ်-ဆားဗီးယား ဆက်ဆံမှုဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍသစ်ကို ဖွင့်လှစ်မည်ဟုယုံကြည်ကြောင်းလည်း ပြောကြားပါသည်။