သံတမန်အဆက်အသွယ် ထားရှိခဲ့ချိန်တုန်းက မူလစိတ်ရင်း ရည်ရွယ်ချက်ကို စွဲကိုင်ပြီး တရုတ်-ပြင်သစ် ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်ကို လက်တွဲ ဖွင့်လှစ်ကြရအောင်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2024-05-07 03:49:15  

ဒေသစံတော်ချိန် မေလ ၆ ရက်နေ့ ညပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်သမ္မတ မက်ခရွန် နှင့်အတူ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Marigny ပြဇာတ်ရုံ၌ ကျင်းပသည့် တရုတ်-ပြင်သစ် လုပ်ငန်းရှင်များ ကော်မတီ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေး ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က လာမည့် နှစ်လကျော်အကြာတွင် Seine မြစ်၏ လှပသော ကမ်းရိုးတန်းနားတွင် ကြီးကျယ်ခမ်းနားသော ပါရီ အိုလံပစ် အားကစားပြိုင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း၊ အိုလံပစ် အားကစားပြိုင်ပွဲသည် စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု၏ သင်္ကေတတစ်ခု ဖြစ်ပြီး ယဉ်ကျေးမှုများအကြား အပြန်အလှန် သင်ယူမှု၏ အဖိုးတန် အသီးအပွင့် ဖြစ်ကြောင်း၊ သံတမန်အဆက်အသွယ် ထားရှိခဲ့ချိန်တုန်းက မူလစိတ်ရင်း ရည်ရွယ်ချက်ကို စွဲကိုင်ပြီး  ချစ်ကြည်ရေး အစဉ်အလာကို လက်ဆင့်ကမ်းရန်၊ "Faster, Higher, Stronger - Together" ဟူသော အိုလံပစ်ဆောင်ပုဒ်အတိုင်း ဆောင်ရွက်ပြီး တရုတ်-ပြင်သစ် ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်ကို လက်တွဲ ဖွင့်လှစ်ကြပြီး လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး အခန်းကဏ္ဍသစ်ကို အတူတကွ ရေးစပ်ကြရအောင် ဖြစ်ကြောင်း ပြောကြားသည်။