ရှီကျင့်ဖိန်မှ ပြင်သစ်နိုင်ငံသို့ လာရောက်လည်ပတ်ခြင်းသည် ပြင်သစ်-တရုတ်နှစ်နိုင်ငံ အကြား နျူကလီးယားစွမ်းအင်နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်မည်

(GMT+08:00)2024-05-07 22:13:39  

ပြင်သစ် Framatome ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ၊ စီအီးအို Bernard Fontana သည် CGTN သတင်းထောက်နှင့် တွေ့ဆုံရာတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ပြင်သစ် နိုင်ငံသို့ လာရောက်လည်ပတ်ခြင်းမှာ ပြင်သစ်-တရုတ်နှစ်နိုင်ငံအကြား ချစ်ခင်ရင်းနှီးသော ဆက်ဆံရေးကို အဆင့်ကဏ္ဍသစ်သို့ တိုးမြှင့်မည် ဖြစ်သည့်အပြင် နှစ်နိုင်ငံအကြား နျူကလီးယားစွမ်းအင်နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တစ်ဆင့်တက် မြှင့်တင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။