ရှီကျင့်ဖိန် သည် ပြင်သစ်သမ္မတ မက်ခရွန် နှင့်အတူ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

(GMT+08:00)2024-05-07 01:45:59  

ဒေသစံတော်ချိန် မေလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖိန် သည် ပြင်သစ်သမ္မတ မက်ခရွန် နှင့်အတူ Elysée နန်းတော်၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်-ပြင်သစ် သံတမန် အဆက်အသွယ် ထားရှိသည့် နှစ် ၆၀ ပြည့်မြောက်သည့် အခါသမယတွင် ဖိတ်ကြားချက်အရ တတိယအကြိမ်အဖြစ် ပြင်သစ်နိုင်ငံသို့ တရားဝင် ခရီးလှည့်လည်လာသည့်အတွက် ဝမ်းမြောက်ကြောင်း၊ ယခုအကြိမ် ခရီးစဉ်ဖြင့် အဆွေတော် သမ္မတနှင့်အတူ နောင်နှစ်ပေါင်း ၆၀ အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ခရီးသစ်ကို စတင်စေကာ ကမ္ဘာ့ ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် လူသား ဖွံ့ဖြိုး တိုးတက်ရေး အတွက် အကျိုးသစ်များ ဆောင်ပေးနိုင်ရန် မျှော်လင့်ကြောင်း၊ လက်ရှိ အပြောင်းလဲကြီး ပြောင်းလဲနေပြီး မငြိမ်မသက်ဖြစ်နေသော ကမ္ဘာကြီးတွင် တရုတ်နှင့် ပြင်သစ်တို့သည် အမှီအခိုကင်းစွာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိရေးကို စွဲကိုင်ရမည်ဖြစ်ကြောင်း၊ "စစ်အေးသစ်" သို့မဟုတ် အုပ်စုအလိုက် ထိပ်တိုက်ရင်ဆိုင်မှုများကို အတူတကွ တားဆီးကြသင့်ကြောင်း၊ အပြန်အလှန် နားလည်မှုကို စွဲကိုင်ထားပြီး ရောင်စုံသော ကမ္ဘာတစ်ဝှမ်းတွင် သင့်မြတ်သာယာစွာ အတူယှဉ်တွဲနေထိုင်ရေးကို တိုးမြှင့်သင့်ကြောင်း၊ အမြော်အမြင်ကြီးစွာဖြင့် ဆက်လက် ရပ်တည်ကာ တန်းတူညီမျှပြီး စနစ်ကျသော  ကမ္ဘာအစွန်းမျိုးစုံရှိခြင်းကို အကောင်အထည်ဖော်ဆောင်ရန် အတူတကွ တွန်းအားပေးကြောင်း၊ အပြန်အလှန် အကျိုးရှိစေပြီး "ချိတ်ဆက်မှု ဖြတ်တောက်ခြင်း" နှင့် "နံရံ၊ အတားအဆီးများ တည်ဆောက်ခြင်း"ကို အတူတကွ ဆန့်ကျင်သင့်ကြောင်း ပြောကြားသည်။