မိမိတို့သည် ပြုပြင်ပြောင်းလဲရေးကို ပိုမို နက်ရှိုင်းစွာ ပြုလုပ်ရန် အရေးကြီးသော ဆောင်ရွက်ချက်များ ကို စီမံပြင်ဆင်ပြီး ဖော်ဆောင်နေဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2024-05-07 03:48:10  

ဒေသစံတော်ချိန် မေလ ၆ ရက်နေ့ ညပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်သမ္မတ မက်ခရွန် နှင့်အတူ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Marigny ပြဇာတ်ရုံ၌ ကျင်းပသည့် တရုတ်-ပြင်သစ် လုပ်ငန်းရှင်များ ကော်မတီ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေး ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က မိမိတို့သည် ပြုပြင်ပြောင်းလဲရေးကို ပိုမို ဘက်စုံ နက်ရှိုင်းစွာ ပြုလုပ်ရန် အရေးကြီးသော ဆောင်ရွက်ချက်များကို စီမံပြင်ဆင်ပြီး ဖော်ဆောင်နေကြောင်း၊ စံနစ်အရ တံခါးဖွင့်ရေးကို ခြေလှမ်းမှန်မှန်ဖြင့် တိုးချဲ့ဆောင်ရွက်ပြီး   ဈေးကွက်သို့ ဝင်ရောက်ရန် သတ်မှတ်ထားသည့် သက် ဆိုင်ရာ စံနှုန်းများကို ပိုမိုလျှော့ပေါ့ကာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဝင်ရောက်ရန် Negative List ကို လျှော့ချပေးမည်ဖြစ်ကြောင်း၊ ယင်းသည် ပြင်သစ်အပါအဝင် နိုင်ငံအသီးသီးတို့အတွက် ပိုမို ကျယ်ပြန့်သော စျေးကွက်နေရာများကို ဖန်တီးပေးပြီး ပိုမို များပြားသော ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် အကျိုးရှိစေသော အခွင်းအလမ်းများကိုလည်း ဖန်တီးပေးမည်ဖြစ်ကြောင်း၊ လက်ရှိ ပြင်သစ် လုပ်ငန်းရှင်များ တရုတ်ပုံစံ ခေတ်မီရေး ဖြစ်စဉ်တွင် တက်ကြွစွာ ပါဝင်ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို မျှဝေရန် ကြိုဆိုကြောင်း အလေးထား ပြောကြားခဲ့သည်။