ပြင်သစ် အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များသည်  ရှီကျင့်ဖိန် တာဘူမြို့သို့ ခရီးလှည့်လည်ခြင်းကို ကြိုဆို

(GMT+08:00)2024-05-07 20:09:41  

ဒေသစံတော်ချိန် မေလ ၇ ရက်နေ့ နေ့လယ်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အထူးလေယာဉ်ဖြင့် ပြင်သစ်နိုင်ငံ တာဘူမြို့သို့ ရောက်ရှိခဲ့သည်။  သမ္မတ ရှီကျင့်ဖိန်အား ပြင်သစ် အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များက  လမ်းဘေးဝဲယာမှ တရုတ်နှင့် ပြင်သစ် နှစ်နိုင်ငံအလံများကို ဝှေ့ယမ်းပြီး  လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါသည်။