ဖုန်လိယွမ်နှင့် မက်ခရွန်၏ ဇနီး Brigitte တို့သည် Orsay ပြတိုက်တွင် လည်ပတ်ကြည့်ရှု

(GMT+08:00)2024-05-07 10:34:18  

   


   ဒေသစံတော်ချိန် မေလ ၆ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်သည် ဖိတ်ကြားချက်အရ ပြင်သစ်သမ္မတ မက်ခရွန်၏ ဇနီး Brigitte နှင့်အတူ ပါရီမြို့ Orsay ပြတိုက်တွင် လည်ပတ်ကြည့်ရှုခဲ့ကြပါသည်။ ၎င်းတို့သည် ပါရီ ၁၈၇၄၊ Creating Impressionism ပြပွဲနှင့် ဆေးပန်းချီပြပွဲများကို ကြည့်ရှုပြီး ခံစားမှုနှင့် ထင်မြင်ချက်များကို ကူးလူးဖလှယ်ခဲ့ကြပါသည်။

   ဖုန်လိယွမ်က တရုတ်နှင့် ပြင်သစ် နှစ်နိုင်ငံ ပြည်သူများသည် ပန်းချီ အနုပညာကို ချစ်မြတ်နိုးကြောင်း၊ နှစ်ဖက်တို့သည် ပိုမို များပြားသော ကူးလူးဖလှယ်မှုကို ပြုလုပ်ကာ နှစ်နိုင်ငံပြည်သူများအား တစ်ဖက်သား၏ ယဉ်ကျေးမှု အနှစ်သာရများကို ခံစားနိုင်စေပြီး အပြန်အလှန် နားလည်မှုကို နက်ရှိုင်းလာစေရန် မျှော်လင့်ကြောင်း၊ နှစ်နိုင်ငံမှ အနုပညာရှင်များ အပြန်အလှန် လေ့လာမှုကို တိုးမြှင့်ပြီး ပိုမို ရသမြောက်သော လက်ရာများကို ဖန်တီးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

   ပြပွဲ ခန်းမဆောင်တွင် ဖုန်လိယွမ်နှင့် Brigitteတို့သည် ကြည့်ရှု လေ့လာနေသော ပြင်သစ် ကျောင်းသားကျောင်းသူများနှင့် ခင်မင်ရင်းနှီးစွာ စကားပြောခဲ့ကြသည်။ ကျောင်းသားကျောင်းသူများသည် ၎င်းတို့၏ တရုတ်ဘာသာစကား သင်ယူခြင်းဆိုင်ရာ အတွေ့အကြုံများကို မျှဝေ ပြောပြပြီး တရုတ်ယဉ်ကျေးမှုအား ချစ်မြတ်နိုးခြင်းကိုလည်း ဖော်ပြခဲ့ကြပါသည်။ ဖုန်လိယွမ်က ကျောင်းသားကျောင်းသူများအား တရုတ်နှင့် ပြင်သစ် ချစ်ကြည်ရေး တမန်များ ဖြစ်လာရန်၊ နှစ်နိုင်ငံပြည်သူများအကြား ပေါင်းကူးတံတား ခင်းပေးရန်၊ တရုတ်-ပြင်သစ် ချစ်ကြည်ရေးကို ဘိုးစဉ်မြေးဆက် လက်ဆင့်ကမ်းသွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။