တရုတ်သည် ဆက်သွယ်ရေး၊ ဆေးကုသရေး စသည့် ဝန်ဆောင်မှု လုပ်ငန်းများ ဆိုင်ရာ တံခါးဖွင့်မှုကို တိုးချဲ့ဆောင်ရွက်ပြီး စျေးကွက်ကို တစ်ဆင့်တိုး ဖွင့်လှစ်မည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2024-05-07 03:50:26  

ဒေသစံတော်ချိန် မေလ ၆ ရက်နေ့ ညပိုင်းတွင် တရုတ် သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်သမ္မတ မက်ခရွန် နှင့်အတူ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Marigny ပြဇာတ်ရုံ၌ ကျင်းပသည့် တရုတ်-ပြင်သစ် လုပ်ငန်းရှင်များ ကော်မတီ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေး ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်ဘက်သည် ဆက်သွယ်ရေး၊ ဆေးကုသရေး စသည့် ဝန်ဆောင်မှု လုပ်ငန်းများ ဆိုင်ရာ တံခါးဖွင့်မှုကို တိုးချဲ့ဆောင်ရွက်မည် ဖြစ်ပြီး စျေးကွက်ကို တစ်ဆင့်တိုး ဖွင့်လှစ်မည်ဖြစ်ကာ ပြင်သစ် စသည့် ဥရောပ ကုမ္ပဏီများ အပါအဝင် နိုင်ငံအသီးသီးမှ ကုမ္ပဏီများအတွက် ပိုမို များပြားသော စျေးကွက်အခွင့်အလမ်းများ ဖန်တီးပေးမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။