China Media Group မှ "ပေကျင်းမှ ပါရီသို့ ၊ တရုတ်နှင့် ပြင်သစ် အနုပညာရှင်များ၏ အိုလံပစ်ခရီးစဉ်" တရုတ် အနုပညာ ပြပွဲကို ပါရီတွင် ကျင်းပ

(GMT+08:00)2024-05-07 06:49:22  

တရုတ်သမ္မတ ရှီကျင့်ဖိန် ၏ ပြင်သစ် ခရီးစဉ် အတောအတွင်း ဒေသစံတော်ချိန် မေလ ၆ ရက်နေ့က China Media Group နှင့် ပြင်သစ် အမျိုးသား အိုလံပစ်နှင့် အားကစား ကော်မတီ၊ ပြင်သစ် ပရော်ဖက်ရှင်နယ် ဘောလုံးအဖွဲ့ချုပ် နှင့် ပြင်သစ်မှ အနုပညာအဖွဲ့အစည်းများတို့ ပူးပေါင်းကျင်းပသော "ပေကျင်းမှ ပါရီသို့ ၊ တရုတ်နှင့် ပြင်သစ် အနုပညာရှင်များ၏ အိုလံပစ်ခရီးစဉ်" တရုတ် အနုပညာ ပြပွဲသည် ပါရီ Invalides ပြပွဲစင်တာ၌ စတင်ခဲ့သည်။

ယင်း ပြပွဲသည် တရုတ်နှင့် ပြင်သစ် သံတမန်အဆက်အသွယ် ထားရှိသည့် နှစ် ၆၀ ပြည့် မြောက်နှစ်နှင့် ပါရီ အိုလံပစ် အားကစား ပြိုင်ပွဲနှစ်ကို အခွင့်ကောင်းအဖြစ်ထားပြီး ပေကျင်းနှင့် ပါရီ ဖြစ်သော အိုလံပစ်မြို့နှစ်မြို့အကြား ဆက်သွယ်မှုမှတစ်ဆင့် အိုလံပစ် စိတ်ဓာတ်နှင့် ယဉ်ကျေးမှု ပြန့်ပွားရေးကို ပိုမို တွန်းအားပေးကာ တရုတ်နှင့် ပြင်သစ်တို့ ခွန်အားနှင့် အလှတရား၊ ကာယနှင့် ဉာဏ်ရည်၊ လက်တွေ့နှင့်အသိစိတ် တို့ဘက်တွင် အပြန်အလှန် တွေ့ဆုံ၊ နားလည်၊ တန်ဖိုးထားစေရန် တွန်းအား ပေးကြောင်း သိရပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Shen Haixiong ၊ ပြင်သစ်ယဉ်ကျေးမှုဝန်ကြီး Rachida Dati ၊ ပြင်သစ် အမျိုးသား အိုလံပစ်နှင့် အားကစား ကော်မတီ ဥက္ကဋ္ဌ David Lappartient ၊ ပြင်သစ် ပရော်ဖက်ရှင်နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Vincent Labrune ၊ တရုတ် လက်ရေး အနုပညာရှင်များ အသင်း ဥက္ကဋ္ဌ Sun Xiaoyun ၊ ပြင်သစ် အမျိုးသားလွှတ်တော် ပြင်သစ်-တရုတ် ချစ်ကြည်ရေးအဖွဲ့ ဥက္ကဋ္ဌ Eric Alauzet တို့သည် အဆိုပါပြပွဲအတွက် ဆိုင်းပုဒ်တင်ပြီး အလွှာပေါင်းစုံမှ ဧည့်သည်တော် ၃၀၀ ကျော်တို့သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြပွဲကို ကြည့်ရှုကြသည်။