တရုတ်အဖွဲ့သည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးရန် အမေရိကန်သို့ သွားရောက်မည်

(GMT+08:00)2024-05-07 13:17:46  

  တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံသဘောတူညီချက်အရ  တရုတ်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အထူးသံတမန် လျူကျင့်မင်ဦးဆောင်ပြီး မေလ ၇ရက်နေ့မှ ၁၆ရက်နေ့အထိ အမေရိကန်သို့ သွားရောက်ကာ အမေရိကန်သမ္မတ၏ နိုင်ငံတကာရာသီဥတုမူဝါဒဆိုင်ရာ အဆင့်မြင့်အတိုင်ပင်ခံ ပိုတယ်စ်တာနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း၊နှစ်ဦးနှစ်ဘက်တို့သည် နှစ်နိုင်ငံ သမ္မတများ၏ သဘောတူညီချက်များဖြင့် လမ်းညွှန်ချက် အဖြစ်ထားပြီး "Sunshine Township Statement on Strengthening Cooperation to Address Climate Crisis”စသော သဘောတူညီမှုများကိုမူတည်၍ တရုတ်-အမေရိကန် ရာသီဥတုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် လက်တွေ့ရလဒ်များရရှိရန် တွန်းအားပေးခြင်းနှင့် ပတ်သက်ပြီး နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်မည်ဖြစ်ကြောင်း၊ အထူးသံတမန် လျူကျင့်မင်က ကုလသမဂ္ဂမှ သက်ဆိုင်ရာများ၊ အမေရိကန်မှ သက်ဆိုင်ရာဒေသအစိုးရများနှင့် တတ်သိပညာရှင်အဖွဲ့များနှင့်အတူ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကြောင်းများကို ကူးလူးဖလှယ်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။