နိုင်ငံတကာမိသားစုကြီးအား အာကာသ၏ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြိုးပမ်းရန် တရုတ်ကိုယ်စားလှယ် ပန်ကြား

(GMT+08:00)2024-05-07 13:19:12  

ဒေသစံတော်ချိန် မေလ ၆ရက်နေ့က ကျင်းပသည့် ၇၈ကြိမ်မြောက် ကုလသမဂ္ဂ ညီလာခံတွင် ဧပြီလ ၂၄ရက်နေ့က ကျင်းပခဲ့သည့် လုံခြုံရေးကောင်စီအစည်းအဝေး၌ ရုရှားနိုင်ငံမှ အာကာသဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းအပေါ် ဗီတိုအာဏာ ကျင့်သုံး ခဲ့ခြင်းနှင့်ပတ်သက်၍ တံခါးဖွင့် အချေအတင် ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ အာကာသ၏ငြိမ်းချမ်းရေးကို ပြတ်သားစွာ ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံတကာ အာကာသစီမံခန့်ခွဲရေးစည်းစနစ်ကို လျင်မြန်စွာ ပြည့်စုံစေကာ အာကာသ၏ “အကျိုးအမြတ်”ကို နိုင်ငံအသီးသီး အတူမျှဝေခံစားခွင့်ကို အာမခံပေး၍ ညှိနှိုင်းရေးနှင့် သက်ညှာထောက်ထားရေးစိတ်ဓာတ်ဖြင့် အာကာသ စီမံခန့်ခွဲမှုကို အားလုံးပါဝင် ဆွေးနွေးကြရန်အတွက်  နိုင်ငံတကာ မိသားစုကြီး အား တရုတ် ကိုယ်စားလှယ်က ပန်ကြားခဲ့ပါသည်။