China Media Group မှ ပထမအသုတ် ပါရီအိုလံပစ်ပြိုင်ပွဲတွင် အစီအစဉ် ထုတ်လွှင့်ရန် အသုံးပြုမည့် စက်ပစ္စည်းများကို ပြင်သစ်နိုင်ငံသို့ ပို့ဆောင်

(GMT+08:00)2024-05-07 06:47:16  

ပါရီ အိုလံပစ် အားကစား ပြိုင်ပွဲ ကျင်းပရန် ရက်ပေါင်း ၈၀ သာ လိုတော့သည်။ မေလ ၇ ရက်နေ့တွင် China Media Group မှ ပထမအသုတ် ပါရီအိုလံပစ်ပြိုင်ပွဲတွင် အစီအစဉ် ထုတ်လွှင့်ရန် အသုံးပြုမည့် စက်ပစ္စည်းများကို တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ကျူးစန်းဆိပ်ကမ်းမှ  ပြင်သစ်နိုင်ငံသို့ ပို့ဆောင်သွားသည်။

ယခုအကြိမ် သင်္ဘောများဖြင့် ပို့ဆောင်မည့် စက်ပစ္စည်းများမှာ စုစုပေါင်း ၁၂၅၆ ခု ရှိပြီး ကွန်တိန်နာ ၁၀ လုံးဖြင့် ဇွန်လ ဒုတိယ သို့မဟုတ် တတိယ ၁၀ ရက်ပိုင်းတွင် ပြင်သစ်နိုင်ငံ Le Havre ဆိပ်ကမ်းသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ကျန်ပစ္စည်းများကို တရုတ်-ဥရောပ ရထားလိုင်းနှင့် လေကြောင်း မှတစ်ဆင့် ပို့ဆောင်မည်ဖြစ်ကြောင်း သိရပါသည်။

ယခုနှစ် ပါရီ အိုလံပစ် အားကစားပွဲတော်သည် တရုတ်နှင့် ပြင်သစ် သံတမန်အဆက်အသွယ် ထားရှိသည့် နှစ် ၆၀ ပြည့် မြောက်သည့်နှစ်နှင့် ကြုံရကာ China Media Group ၏ ပါရီ အိုလံပစ် အားကစားပွဲတော်ဆိုင်ရာ ထုတ်လွှင့်ပြသမှု အတိုင်းအတာသည် သမိုင်းတွင် အကြီးမားဆုံး ဖြစ်လာမည်ဖြစ်ကြောင်း သိရပါသည်။