ရှီကျင့်ဖိန်သည် ပြင်သစ် သမ္မတ မက်ခရွန်၊ ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ von der Leyen တို့နှင့် တရုတ်၊ ပြင်သစ်၊ ဥရောပ ခေါင်းဆောင်များ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

(GMT+08:00)2024-05-07 10:33:33  

 

ဒေသစံတော်ချိန် မေလ ၆ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပါရီမြို့ Elysée နန်းတော်၌ ပြင်သစ် သမ္မတ မက်ခရွန်၊ ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ von der Leyen တို့နှင့် တရုတ်၊ ပြင်သစ်၊ ဥရောပ ခေါင်းဆောင်များ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။

   ဆွေးနွေးပွဲတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် အစဉ်တစိုက် မဟာဗျူဟာ ရှုထောင့်နှင့် ရေရှည် ရှုထောင့်မှနေ တရုတ်နှင့် ဥရောပ ဆက်ဆံရေးကို ရှုမြင်ပြီး ဥရောပကို တရုတ်နိုင်ငံ၏ ထူးခြားချက် ဝိသေသ ပါရှိသော နိုင်ငံကြီးများအကြား သံတမန် ဆက်ဆံရေး၏ အရေးကြီး ဦးတည်ချက်နှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေး ဖော်ဆောင်ရေး ဆိုင်ရာ အရေးကြီး မိတ်ဖက် အဖြစ် သဘောထားပါကြောင်း၊ တရုတ်-ပြင်သစ် ဆက်ဆံမှု၊ တရုတ်-ဥရောပ ဆက်ဆံမှုကို အချင်းချင်း တွန်းအားပေးပြီး လက်တွဲ ဖွံ့ဖြိုးတိုးတက်လာရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

  ရှီကျင့်ဖိန်က ယနေ့ ကမ္ဘာကြီးသည် မတည်မငြိမ် အချိန်ကာလသစ်သို့ ဝင်ရောက်နေပြီး ကမ္ဘာပေါ်တွင် အရေးကြီးသည့် အင်အား နှစ်ခု အဖြစ်ဖြင့် တရုတ်နှင့် ဥရောပတို့ အနေနှင့် မိတ်ဖက် ဖြစ်ခြင်းကို စွဲကိုင်ပြီး ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို စွဲကိုင် ရမည် ဖြစ်ကြောင်း၊ မဟာဗျူဟာ ကူးလူးဖလှယ်မှုများနှင့် မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်၍ မဟာဗျူဟာ သဘောတူညီမှုများကို စုစည်းကာ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုများကို  ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ တရုတ်-ဥရောပ ဆက်ဆံမှု တည်ငြိမ် ပုံမှန် တိုးတက်လာအောင် တွန်းအားပေးပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး အတွက် အကျိုးပြုစွမ်းဆောင်မှုသစ်များကို အဆက်မပြတ် ဆောင်ကြဉ်းပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။