ဖိန်လိယွမ်သည် ကုလ UNESCO ရုံးချုပ်သို့ သွားရောက်ကြည့်ရှုပြီး ဒါရိုက်တာချုပ် Audrey Azoulay နှင့် တွေ့ဆုံ

(GMT+08:00)2024-05-07 03:52:25  

ဒေသစံတော်ချိန် မေလ ၆ ရက်နေ့ နံနက်ပိုင်းက တရုတ် သမ္မတ ရှီကျင့်ဖိန်၏ ဇနီးတော် ၊ ကုလသမဂ္ဂ UNESCO မှ မိန်းကလေးငယ်များနှင့် အမျိုးသမီးများ ပညာရေး မြှင့်တင်ရေးဆိုင်ရာ အထူးသံတမန်  ဖိန်လိယွမ်သည် ဖိတ်ကြားချက်အရ ပါရီမြို့ရှိ UNESCO ရုံးချုပ်သို့ သွားရောက်ကြည့်ရှုခဲ့သည်။

ဖိန်လိယွမ် ရောက်ရှိလာချိန်တွင် UNESCO ဒါရိုက်တာချုပ် Audrey Azoulay သည် ဝင်ပေါက်၌ နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ဖိန်လိယွမ် နှင့်အတူ "တရုတ်နှင့် UNESCO ဆယ်နှစ်ကြာ ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှုများ ပြပွဲ"သို့ သွားရောက်ကြည့်ရှုကာ ကမ္ဘာတစ်ဝှမ်းရှိ မိန်းကလေးငယ်များနှင့် အမျိုးသမီးများ ပညာရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် တရုတ်နိုင်ငံ၏ အကျိုးဆောင်မှုများကို အထူးအလေးပေး ချီးကျူးခဲ့ပါသည်။