ခေတ်ကို ဖြတ်ကျော်သည့် ကြီးမြတ်သော ဉာဏ်ပညာနှင့် သတ္တိ

(GMT+08:00)2024-05-07 13:16:51  

၂၀၂၄ခုနှစ် ဧပြီလ ၂၆ရက်နေ့က အထူးဓာတ်ပုံပြပွဲတစ်ခုကို တရုတ်နိုင်ငံ ဘေကျင်း မြို့တွင် ကျင်းပခဲ့ပါသည်။ ပြင်သစ်နိုင်ငံမှ ဓာတ်ပုံဆရာ Grégoire de Gaulle သည် ၁၉၇၈ခုနှစ်က တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ရာ မိမိ၏ ကင်မရာဖြင့် အနှစ် ၄၀ ကျော်အတွင်းတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြောင်းလဲမှု များကို မှတ်တမ်းတင်ခဲ့ပါသည်။ လူကြီးများ၏ သြဇာလွှမ်းမိုးမှုကြောင့် Grégoire de Gaulle သည် ငယ်ငယ်ကတည်းက တရုတ်နိုင်ငံအပေါ် ချစ်ခင်ရင်းနှီးမှုနှင့် စိတ်အားထက်သန်မှု အပြည့်အဝ ရှိပါသည်။ Grégoire de Gaulle ၏ အဖေသည် ပြင်သစ်-တရုတ်ကော်မရှင် ဥက္ကဋ္ဌဟောင်း Bernard de Gaulle ဖြစ်ပြီး Grégoire de Gaulle ၏ ဖိုးလေးဖြစ်သူ သည် ပြင်သစ် ပဉ္စမ သမ္မတနိုင်ငံ၏ ပထမဆုံးသမ္မတ Charles de Gaulle ဖြစ်ပါသည်။
    ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၅ရက်နေ့က ကျင်းပသော တရုတ်-ပြင်သစ်နှစ်နိုင်ငံ သံတမန် အဆက်အသွယ်ထားရှိခဲ့သည့် အနှစ် ၆၀ပြည့်မြောက်ခြင်း အထိမ်းအမှတ်အခမ်းအနားတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ၏ ဂုဏ်ပြုကြောင်းသဝဏ်
လွှာ၌ လွန်ခဲ့သည့် အနှစ် ၆၀ တုန်းက တရုတ်-ပြင်သစ်နှစ်နိုင်ငံ သံတမန်အဆက်အသွယ် ထားရှိခဲ့ခြင်းမှာ နိုင်ငံတကာ ဆက်ဆံရေးသမိုင်းတွင် အရေးကြီးကိစ္စတစ်ရပ် ဖြစ်ကြောင်း၊ ဥက္ကဋ္ဌ မော်စီတုံးနှင့် သမ္မတ Charles de Gaulle တို့သည် ထူးကဲသော ဉာဏ်ပညာနှင့် သတ္တိဖြင့် တရုတ်နိုင်ငံနှင့် အနောက်တိုင်းနိုင်ငံအကြား ကူးလူးဖလှယ်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် တံခါးကို ဖွင့်ပေး ခဲ့ကြကြောင်း၊ ခေတ်သစ် ပြောင်းလဲမှုများနှင့် ရင်ဆိုင်ရာတွင် တရုတ်-ပြင်သစ်နှစ်နိုင်ငံတို့ သည် နှစ်နိုင်ငံသံတမန်အဆက်အသွယ် ထားရှိခါစမှ မူရင်းစိတ်ကို စွဲကိုင်ထားပြီး အနာဂတ်ကို တက်ကြွစွာ ရင်ဆိုင်ကာ သတ္တိရှိရှိဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လာမည့်အနှစ် ၆၀ အတွင်းတွင် တရုတ်-ပြင်သစ်နှစ်နိုင်ငံတို့သည် လက်တွဲ ကြိုးပမ်း ဆောင်ရွက်ပြီး အောင်မြင်မှုများကို ထပ်မံဖန်တီးလိမ့်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။