ပြင်သစ်အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများအတွက် ဗီဇာ ကင်းလွတ်ခွင့် ပေါ်လစီကို ၂၀၂၅ ခုနှစ် နှစ်ကုန်အထိ သက်တမ်းတိုးရန် တရုတ် ဆုံးဖြတ်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2024-05-07 03:51:01  

ဒေသစံတော်ချိန် မေလ ၆ ရက်နေ့ ညပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်သမ္မတ မက်ခရွန် နှင့်အတူ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Marigny ပြဇာတ်ရုံ၌ ကျင်းပသည့် တရုတ်-ပြင်သစ် လုပ်ငန်းရှင်များ ကော်မတီ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေး ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်ဘက်သည် "ပြင်သစ်လယ်ယာမှ တရုတ်စားပွဲသို့"  ကွင်းဆက် တစ်ခုလုံး လျင်မြန်စွာ ပူးပေါင်းဆောင်ရွက်မှု စနစ်ကို ဆက်လက် တက်ကြွစွာ အသုံးပြုပြီး ဒိန်ခဲ၊ ဝက်ပေါင်ခြောက်၊ ဝိုင် အပါအဝင် ပိုမိုများပြားသည့် အရည်အသွေးမြင့်သော ပြင်သစ် လယ်ထွက်ကုန်များကို တရုတ်ပြည်သူများ၏ စားပွဲပေါ်သို့ တင်စေရန် ဆန္ဒရှိကြောင်း၊ တရုတ်ဘက်က ပြင်သစ်အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများ အတွက် ကာလတို ဗီဇာ ကင်းလွတ်ခွင့် ပေါ်လစီကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ သက်တမ်းတိုးရန် ဆုံးဖြတ်ကြောင်း အလေးထား ပြောကြားခဲ့သည်။