အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ လူ ၂ သန်းကျော်အား ရေလွှမ်းမိုးမှု သတိ ပြုရန် ကြေညာချက် ထုတ်ပြန်ထား

(GMT+08:00)2024-05-06 14:51:12  

အမေရိကန် CBS မှ သတင်းဖော်ပြချက်အရ ဒေသစံတော်ချိန် မေလ ၅ရက်နေ့တွင် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အရှေ့တောင်ပိုင်း ဒေသအချို့ရှိ  လူနှစ်သန်းကျော်ကို ရေလွှမ်းမိုး မှု သတိပြုရန် ကြေညာထားပြီး ယင်းသတိပေးကြေညာချက်သည် ရက်နေ့ ညအထိ ဖြစ် ကြောင်း သိရပါသည်။

အမေရိကန်နိုင်ငံ မိုးလေဝသဌာနမှ အချက်အလက်များအရ လွန်ခဲ့သည့်တစ်ပတ်တွင် တက္ကဆက်ပြည်နယ် Harris အရှေ့မြောက်ပိုင်းဒေသ၌ မိုးရေချိန် စုစုပေါင်း ၃၀ စင်တီမီတာအထိ ရောက်ရှိခဲ့ပြီး Houston အရှေ့မြောက်ဘက်ရှိ Livingston ကန် အနီး ဧရီယာ တွင် ၅၀ စင်တီမီတာကျော် မိုးရွာသွန်းခဲ့ကြောင်း သိရပါသည်။