“ရှီကျင့်ဖိန် နှစ်သက်သဘောကျသည့် ဂန္ထဝင်စာသားများ”(နိုင်ငံတကာဗားရှင်း)ကို ဟန်ဂေရီ ပင်မမီဒီယာများတွင် ထုတ်လွှင့်ပြသမည်

(GMT+08:00)2024-05-06 14:48:52  

 တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဟန်ဂေရီနိုင်ငံသို့ သွားရောက်လည်ပတ်မည့် အခါသမယတွင် China Media Group မှ ပြုလုပ်ထားသည့် “ရှီကျင့်ဖိန် နှစ်သက် သဘောကျသည့် ဂန္ထဝင်စာသားများ”(နိုင်ငံတကာဗားရှင်း)ကို မေလ ၈ရက်နေ့တွင် ဟန်ဂေရီနိုင်ငံတော်ရုပ်မြင်သံကြားဌာန၌ စတင်ထုတ်လွှင့်ပြသမည် ဖြစ်ပါသည်။ မေလ ၄ရက်နေ့မှစ၍ ပရိုမိုးရှင်းဗီဒီယိုများကို ဟန်ဂေရီအမျိုးသား သတင်းစာဝက်ဘ်ဆိုက်၊ Pest သတင်းဝက်ဘ်ဆိုက်နှင့် Dél-Pest Online စသည့် ဟန်ဂေရီ ပင်မမီဒီယာများတွင် ရှေ့ဆင့်နောက်ဆင့် Rolling ထုတ်လွှင့်ပြသလျက်ရှိပါသည်။
    “ရှီကျင့်ဖိန် နှစ်သက်သဘောကျသည့် ဂန္ထဝင်စာသားများ”(နိုင်ငံတကာဗားရှင်း)တွင် အတူတကွကြွယ်ဝချမ်းသာရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးစသည်တို့ကို အာရုံစိုက်ပြီး သမ္မတ ရှီကျင့်ဖိန် ၏ မူရင်းမိန့်ခန်းပြောကြားချက်များနှင့် ကိုးကားထားသည့် ဂန္ထဝင်စာသား များကို ရွေးချယ်ကာ နိုင်ငံတကာရှုထောင့်မှနေ တရုတ်နိုင်ငံ၏ ဂန္ထဝင် ပုံပြင်များနှင့် ဉာဏ်ပညာကို အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ သမ္မတ ရှီကျင့်ဖိန် ၏ ပြောင်မြောက်သော နိုင်ငံရေးဉာဏ်ပညာနှင့် နက်ရှိုင်းသော သမိုင်းယဉ်ကျေးမှုအကြောင်းများကို ပြသပြီး တရုတ် အသွင်ပုံစံခေတ်မီရေး၏ ယဉ်ကျေးမှုအရင်းအမြစ်နှင့် အောင်မြင်မှုများကို ဖော်ပြထား ပါသည်။