ပြင်သစ်အလွှာပေါင်းစုံတို့သည် သမ္မတရှီကျင့်ဖိန်၏ခရီးစဉ်ကိုကြိုဆိုကြပြီး တရုတ်-ပြင်သစ် ဆက်ဆံရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် မျှော်လင့်

(GMT+08:00)2024-05-06 14:51:42  

တရုတ်-ပြင်သစ် သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့်နှစ် ၆၀ ပြည့်အခါသမယတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ပြင်သစ်နိုင်ငံခရီးစဉ်သည် အရေးကြီးအဓိပ္ပာယ်ရှိသည်ဟု ပြင်သစ်အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များက ပြောကြပါသည်။ သူတို့သည် သမ္မတရှီကျင့်ဖိန်၏ခရီးစဉ်ကို ကြိုဆို သည့်တစ်ချိန်တည်းတွင် တရုတ်-ပြင်သစ် ဆက်ဆံရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုများပြားသောအကျိုးစီးပွားများ ဖန်တီးပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ကြ ပါသည်။

ပြင်သစ်အမျိုးသားလွှတ်တော်  ပြင်သစ်-တရုတ် ချစ်ကြည်ရေးအဖွဲ့ ဥက္ကဋ္ဌ Aloze က တရုတ်-ပြင်သစ်ချစ်ကြည်ရေးသည် ရှည်လျားသော သမိုင်းကြောင်းရှိပြီး အလွန်အရေး ကြီးကြောင်း၊ တရုတ်၊ ဥရောပနှင့် ပြင်သစ်တို့သည် နိုင်ငံစုံဝါဒကို ကာကွယ်ရေးတွင် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင် နေကြောင်း ပြောကြားခဲ့သည်။

ပြင်သစ် ဒီဇိုင်းအသင်း ဥက္ကဋ္ဌ Sergei က တရုတ်နိုင်ငံသမ္မတသည် တရုတ်-ပြင်သစ် သံတမန်ဆက်ဆံရေး ထားရှိခဲ့သည် နှစ် ၆၀ ပြည့်နှစ်အခါသမယတွင် ပြင်သစ်နိုင်ငံ၌ ခရီးလှည့်လည်ခြင်းသည် သံတမန်ဆက်ဆံရေးကိုအထိမ်းအမှတ်ဖြစ်ရုံသာမက အနာဂတ်ကို စောင့်မျှော်ခြင်းလည်းဖြစ်ကြောင်း၊ တရုတ်-ပြင်သစ်နိုင်ငံတို့သည် ယခုအကြိမ်ခရီးစဉ်၏ အောင်မြင်မှုရလဒ်များကို လက်တွေ့ အကောင် အထည် ဖော်မည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးများလည်း ပိုမို နီးကပ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပါရီမြို့ဒေသခံတစ်ဦးက မိမိတို့သည် တရုတ်နိုင်ငံသမ္မတ၏ လာရောက်ခရီးလှည့်လည်ခြင်း အတွက် ဝမ်းမြောက်ကြကြောင်း၊ လက်ရှိတွင် ဥရောပနှင့် အမေရိကန်တို့သည် BRICS နိုင်ငံများ အထူးသဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်းပြောကြားခဲ့သည်။