ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ Zheng Jianbang သည် ၁၅ ကြိမ်မြောက် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

(GMT+08:00)2024-05-06 14:50:44  

ဂမ်ဘီယာသမ္မတ Barrow ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ Zheng Jianbang သည် မေလ ၄ရက်နေ့မှ ၅ရက်နေ့အထိ ဂမ်ဘီယာနိုင်ငံ မြို့တော် Banjul တွင် ၁၅ ကြိမ်မြောက် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီး အစည်း အဝေး သို့ တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် သမ္မတ ရှီကျင့်ဖိန်၏ မိန့်ခွန်းကို ဖတ်ကြားခဲ့ပါသည်။ မေလ ၅ရက်နေ့တွင် ဂမ်ဘီယာသမ္မတ Barrow သည် Zheng Jianbang နှင့်တွေ့ဆုံခဲ့ပါသည်။

Zheng Jianbang က ယခုနှစ်များတွင် တရုတ်-ဂမ်ဘီယာ ဆက်ဆံရေးသည် ဘက်စုံ လျင်မြန်စွာ တိုးတက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဂမ်ဘီယာနိုင်ငံနှင့် ဆက်ဆံရေးကို အလွန်အလေးထားပြီး ဂမ်ဘီယာနိုင်ငံနှင့်အတူ နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်ရန်၊ အပြန်အလှန် ထောက်ခံပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ နှစ်နိုင်ငံကြား ချစ်ခင်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်သို့ တက်လှမ်းသွားရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

Barrow က တရုတ်နိုင်ငံသည် ဂမ်ဘီယာ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်

 အကူအညီ များစွာ ပေးခဲ့ကြောင်း၊ ဂမ်ဘီယာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေးကို တန်ဖိုးထားပြီး တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို ဦးလည်မသုန် ထောက်ခံကြောင်း၊ ဂမ်ဘီယာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။