"တရုတ်အသွင်ပုံစံ ခေတ်မီရေးကို နားလည်သိရှိခြင်း - တရုတ်နှင့်ပြင်သစ် လူငယ်များ နှီးနှောဖလှယ်ပွဲ"ကို ပါရီမြို့၌ ကျင်းပ

(GMT+08:00)2024-05-06 14:54:39  

 တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြင်သစ်နိုင်ငံ၌ တရားဝင် ခရီးလှည့်လည်နေသည့် အခါသမယတွင် မေလ ၅ ရက်နေ့က China Media Group နှင့် ပါရီ နိုင်ငံရေး တက္ကသိုလ် ကျောင်းသားဟောင်းများအသင်း၊ Paris United Nations Inter School Committe နှင့် တရုတ် ကျိနန်တက္ကသိုလ်တို့ ဦးစီးပြုလုပ်သော "တရုတ်အသွင်ပုံစံ ခေတ်မီရေးကို နားလည်သိရှိခြင်း - တရုတ်နှင့်ပြင်သစ် လူငယ်များ နှီးနှောဖလှယ်ပွဲ"ကို ပါရီမြို့၌ ကျင်းပခဲ့ပါသည်။

  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ၊ ပြင်သစ် ပြည်ထဲရေး ဝန်ကြီးဟောင်း၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး၊ ပညာရေး ဝန်ကြီး Jack Lang ၊ တရုတ်နိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီးဟောင်း Sylvie Bermann၊ ပါရီ နိုင်ငံရေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း ကိုယ်စားလှယ်၊ ပြင်သစ် အမျိုးသား နည်းပညာ သိပ္ပံ အေဂျင်စီ ပညာရှင် Hervé Machenaud ၊ Paris United Nations Inter School Committe ဥက္ကဋ္ဌ Charles Jeanne တို့သည် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ကြပါသည်။

  နှီးနှောဖလှယ်ပွဲတွင် ရှင့်ဟိုင်ရှုံက စိတ်အားထက်သန်မှု ပြည့်နှက်သော နိုင်ငံတကာ အဓိက မီဒီယာ အဖြစ် China Media Group သည် ကူးလူးဖလှယ်ရေးဆိုင်ရာ ပလက်ဖောင်းကို ဆက်တိုက် ထားရှိပေးမည် ဖြစ်ပြီး ပိုမိုများပြားသော လူငယ်များကို ခေတ်သစ် တရုတ်ပြည်၏ တမူထူးခြားသော ဆွဲဆောင်မှုနှင့် တရုတ်အမျိုးသားက ခေတ်မီ ယဉ်ကျေးမှု တည်ဆောက်ရေးဆိုင်ရာ ရှင်သန်စွမ်းအားကို ထိတွေ့ ခံစားစေမည် ဖြစ်ကြောင်း၊ တရုတ်နှင့် ပြင်သစ် လူငယ်များသည် နှစ်နိုင်ငံအကြား နက်ရှိုင်းသော ချစ်ကြည်ရေးကို လက်ဆင့်ကမ်းပြီး လူသားများကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး အတွက် လူငယ်များ၏ အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

  နှီးနှောဖလှယ်ပွဲ ကျင်းပရာနေရာတွင် China Media Group နှင့် ပါရီ နိုင်ငံရေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်းတို့သည် "China Media Group နှင့် ပါရီ နိုင်ငံရေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ"ကိုလည်း ချုပ်ဆိုခဲ့ကြပါသည်။

   ထို့နောက် တရုတ်နှင့် ပြင်သစ် လူငယ်များ စားပွဲဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြီး နှစ်နိုင်ငံမှ လူငယ်ပညာရှင်များက တရုတ်အသွင်ပုံစံခေတ်မီရေးသည် တရုတ်နိုင်ငံအတွက် ချမ်းသာ သုခများ ဖန်တီးပေးရုံသာမက ကမ္ဘာကြီးအတွက်လည်း ပိုမို များပြားသော အခွင့် အလမ်း များကို ဖန်တီးပေးသည်ဟု ဖော်ပြခဲ့ကြပါသည်။