နှစ် ၆၀ ကြာ ချစ်ကြည်ရေးဖြင့် တရုတ်-ပြင်သစ် သံတမန် ဆက်ဆံရေး ထားရှိသည့် နှစ် ၆၀ ပြည့်မြောက်သည့် နှစ်ကို ဂုဏ်ပြုရန် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး လှုပ်ရှားမှုကို ပဲရစ်မြို့၌ ကျင်းပ

(GMT+08:00)2024-05-06 21:40:40  

တရုတ်သမ္မတ ရှီကျင့်ဖိန် ၏ ပြင်သစ် ခရီးစဉ် အတောအတွင်း ဒေသစံတော်ချိန် မေလ ၆ ရက်နေ့က China Media Group သည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ "မွန်မြတ်သော နှစ် ၆၀ ကြာ တရုတ်-ပြင်သစ် ချစ်ကြည်ရေး"၊ တရုတ်-ပြင်သစ် သံတမန် ဆက်ဆံရေး ထားရှိသည့် နှစ် ၆၀ ပြည့်မြောက်သည့်နှစ်ကို ဂုဏ်ပြုရန် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး လှုပ်ရှားမှုကို ကျင်းပခဲ့ရာ တရုတ်-ပြင်သစ် နှစ်နိုင်ငံ ပူးတွဲ ထုတ်လုပ်ကြသော အရည်အသွေးမြင့် ရုပ်ရှင်ကား၊ ဇာတ်လမ်းတွဲများနှင့် မီဒီယာစုံ ထုတ်ကုန်များကို မိတ်ဆက်ထုတ်ပြန်ပြီး Euronews နှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

ပြင်သစ်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကော်မတီ ဥက္ကဋ္ဌ၊ ပြင်သစ်ဝန်ကြီးချုပ်ဟောင်း Laurent Fabius၊ ပြင်သစ် ဝန်ကြီးချုပ်ဟောင်း၊ ပြင်သစ် မျှော်မှန်းချက်နှင့် ဆန်းသစ်တီထွင်မှု ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Jean-Pierre Raffarin ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Shen Haixiong ၊ ပြင်သစ် သဘာဝ ပတ်ဝန်းကျင် ဝန်ကြီးဟောင်း၊ ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း Brice Lalonde ၊ ပြင်သစ် အမျိုးသားလွှတ်တော် ပြင်သစ်-တရုတ် ချစ်ကြည်ရေးအဖွဲ့ ဥက္ကဋ္ဌ Eric Alauzet စသည်တို့သည် အဆိုပါ လှုပ်ရှားမှုသို့ တက်ရောက်ပြီး မိန့်ခွန်းအသီးသီး ပြောကြားခဲ့သည်။