ရှီကျင့်ဖိန်၏ ပြန်စာနှင့် ဟန်ဂေရီ လူငယ်များ၏ အိပ်မက်

(GMT+08:00)2024-05-06 14:54:08  

  ဘူဒါပက်မြို့ရှိ ဟန်ဂေရီဘာသာနှင့် တရုတ်ဘာသာ နှစ်မျိုးသုံး စာသင်ကျောင်းသည် အလယ်အရှေ့ဥရောပဒေသမှာ တစ်ခုတည်းသော တရုတ်ဘာသာစကားနှင့် ဒေသခံ စကားဖြင့် ပညာသင်ကြားပို့ချသော   အချိန်ပြည့်အစိုးရစာသင်ကျောင်း ဖြစ်သည်။ ၂၀၀၉ ခုနှစ် အောက်တိုဘာလတုန်းက တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဖြစ်သည့် ရှီကျင့်ဖိန်သည် အဲဒီ စာသင်ကျောင်းကို သွားရောက်ပြီး ကျောင်းသားကျောင်းသူများ၏ ကဗျာ ရွတ်ဆိုမှုနှင့် ဝူရှူးသိုင်း ပြသမှုကို ကြည့်ရှု ခဲ့ပါသည်။ ရှီကျင့်ဖိန်က ကျောင်းသားကျောင်းသူများသည် နှစ်နိုင်ငံ အနာဂတ် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မျှော်လင့်ချက်ကို ကိုယ်စား ပြုနေသည်ဟု ပြောကြားခဲ့ပါသည်။

   ၂၀၂၃ ခုနှစ် တရုတ်နွေဦးပွဲတော် မတိုင်မီက ဤစာသင်ကျောင်းမှ ကျောင်းသူ ဟူလင်ယွဲ့နှင့် စွန့်ကြည့်ရှောင်တို့သည် ကျောင်းသားကျောင်းသူ အားလုံးကို ကိုယ်စားပြုပြီး သမ္မတ ရှီကျင့်ဖိန်နှင့် ရှီကျင့်ဖိန်၏ဇနီး ပါမောက္ခ ဖုန်လိယွမ် ထံသို့ စာတစ်စောင် ရေးပို့ ကာ တရုတ်ပြည်သို့ လာရောက် ပြီး တက္ကသိုလ်ပညာသင်ယူချင်သည့် ဆန္ဒကို ဖော်ပြခဲ့ ကြပါ သည်။

   သမ္မတ ရှီကျင့်ဖိန်က သူတို့အား စာပြန်ပို့ပြီး ကျောင်းသားကျောင်းသူများက တရုတ်ဘာသာစကားကို ဇွဲရှိရှိဖြင့် သင်ယူနေပြီး တရုတ်နှင့် ဟန်ဂေရီ ချစ်ကြည်ရေးအတွက် အကျိုးပြုရန် ဆန္ဒ ရှိသည်ကို သူနှင့် သူ့ဇနီးတို့ သိရသဖြင့် ၎င်းတို့အား ကြိုဆို ပါကြောင်း ရေးသားထားပါသည်။

  ယခုအချိန်တွင် စာရေးပို့ သည့် ကျောင်းသူ နှစ်ယောက်စလုံးသည် ဘေကျင်းမှာ ကျောင်းတက်နေကြသည်။

  သူမတို့သည် လွန်ခဲ့သည့်နှစ် ဆောင်းဦးတွင် ဘေကျင်းရှိ မြို့တော် ဆရာအတတ်သင် တက္ကသိုလ်မှာ စတင် ပညာသင်ယူပြီး တရုတ်သမိုင်းနှင့် ယဉ်ကျေးမှုကို စူးစမ်း လေ့လာ သင်ယူ နေကြ ပါသည်။