ပြင်သစ်၊ ဆားဗီးယားနှင့် ဟန်ဂေရီ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များသည် ရှီကျင့်ဖိန် ခရီးလှည့်လည်ရန်ကို စောင့်မျှော်

(GMT+08:00)2024-05-05 11:37:31  

   တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်၊ ဆားဗီးယားနှင့် ဟန်ဂေရီနိုင်ငံများသို့ တိုင်းရေးပြည်ရာကိစ္စဖြင့် ခရီးလှည့်လည်မည် ဖြစ်ပါသည်။ အထက်ပါ သုံးနိုင်ငံ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များသည် ရှီကျင့်ဖိန်၏ ခရီးစဉ်ကို စောင့်မျှော်နေကြောင်း၊ ယင်းခရီးစဉ်သည် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်မည် ဖြစ်ကြောင်း အသီးသီး ဖော်ပြခဲ့ကြပါသည်။

   ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာန တိုင်းရေးပြည်ရာရေးရာနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုရေးရာ တာဝန်ခံချုပ်၊ သမ္မတ၏ အထူး အကြံပေးအရာရှိ ရိုဂျာ စေပါက မိမိတို့သည် သမ္မတ ရှီကျင့်ဖိန်ကို ကြိုဆိုကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ဘက်စုံ မြှင့်တင် နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

   ဆားဗီးယား ပြည်တွင်းပြည်ပ ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး မော်မီရောဗစ်ချ်က သမ္မတ ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်သည် ရှင်းလင်းပြတ်သားသော အချက်ပြမှု တစ်ရပ် ဖြစ်ပြီး ဆားဗီးယားနှင့် တရုတ်နိုင်ငံအကြား သံမဏိလို ချစ်ကြည်ရေးကို ဆက်လက် ထိန်းသိမ်းသွားမည်ဟု မိမိ ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

   ဟန်ဂေရီ ATV မီဒီယာ အုပ်စု CEO ကော်ဗာချ်က ယခုအကြိမ် အရေးကြီးသည့် ခရီးစဉ်သည် နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်သို့ တက်လှမ်းစေမည်ဟု မိမိ ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။