ပြင်သစ်နိုင်ငံမှ အလွှာပေါင်းစုံတို့သည် ရှီကျင့်ဖိန် ခရီးလှည့်လည်ရန်ကို စောင့်မျှော်နေ

(GMT+08:00)2024-05-05 19:33:28  

ပြင်သစ်နိုင်ငံ ပါရီမြို့ လမ်းများပေါ်တွင် တရုတ်နှင့် ပြင်သစ်အလံများ ချိတ်ဆွဲ ထားသည်ကို တွေ့ရပါသည်။ ပြင်သစ်နိုင်ငံမှ အလွှာပေါင်းစုံတို့သည် ရှီကျင့်ဖိန် ခရီးလှည့်လည်ရန်ကို စောင့်မျှော်နေကြပါသည်။

  ယခုနှစ်သည် တရုတ်နှင့် ပြင်သစ် သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၆၀ ပြည့်မြောက်သည့်နှစ် ဖြစ်သည်။ ပြင်သစ် သမ္မတ Macron ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မေလ ၅ ရက်နေ့မှစ၍ ပြင်သစ်နိုင်ငံသို့တရားဝင် ခရီးလှည့်လည်မည် ဖြစ်သည်။ ယင်းသည် ငါးနှစ်ကြာပြီးနောက် သမ္မတ ရှီကျင့်ဖိန်၏ နောက်ထပ်တစ်ကြိမ်ပြင်သစ်နိုင်ငံသို့ တရားဝင် ခရီးလှည့်လည်ခြင်း ဖြစ်ပြီး ရှီကျင့်ဖိန်၏ တတိယ အကြိမ် ပြင်သစ်နိုင်ငံ တရားဝင် ခရီးလှည့်လည်ခြင်းလည်း ဖြစ်ပါသည်။