ရုရှား-ယူကရိန်း ပဋိပက္ခကို ဖြေရှင်းရန် အတည် အဆိုပြုချက်များကို ထည့်သွင်းစဉ်းစားမည်ဟု ရုရှား ဆို

(GMT+08:00)2024-05-04 13:26:59  

ရုရှားနိုင်ငံသည် လက်တွေ့အခြေအနေနှင့် ရုရှားနိုင်ငံ၏ လုံခြုံရေးအကျိုးစီးပွားကို အခြေခံ၍ ရုရှား-ယူကရိန်း ပဋိပက္ခကို ဖြေရှင်းရန် အတည် အဆိုပြုချက်များကို ထည့်သွင်း စဉ်းစားရန် စီစဉ်နေသော်လည်း မည်သည့် ခြိမ်းခြောက်မှုကိုမှ လက်ခံမည်မဟုတ်ကြောင်း ရုရှား နိုင်ငံခြား ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova က မေလ ၃ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

ထို့အပြင် ယူကရိန်းသည် ရုရှားပြည်တွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် ဗြိတိန် လက်နက်များကို အသုံးပြုခွင့်ရှိကြောင်း မကြာခင်က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ကင်မရွန်း ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး Zakharovaက ကင်မရွန်း၏ မှတ်ချက် စကား သည် အနောက်နိုင်ငံများက “ယူကရိန်း”မှတစ်ဆင့် ရုရှားနိုင်ငံကို စစ်တိုက်နေကြောင်း ဝန်ခံ ခြင်း နှင့် ညီမျှသည်ဟု တုံ့ပြန်ပြောကြားခဲ့ပါသည်။