အပစ်အခတ်ရပ်စဲရေး စေ့စပ်ဆွေးနွေးပွဲသို့ နောက်ထပ် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန် ဟားမတ်စ်က သဘောတူ

(GMT+08:00)2024-05-04 13:29:04  

ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ က အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်နှင့်ပတ်သက်၍ စေ့စပ်ဆွေးနွေးပွဲဆက်လက်ပြုလုပ်ရန် ကိုယ်စားလှယ် အဖွဲ့ကို အီဂျစ်နိုင်ငံသို့ အမြန်ဆုံး စေလွှတ်မည်ဖြစ်ကြောင်း ဒေသစံတော်ချိန် မေလ ၂ရက်နေ့က ပြောကြားခဲ့သည်။ အီဂျစ်နိုင်ငံမှ အဆင့်မြင့်အရာရှိ တစ်ဦးက ဟားမတ်စ် ကိုယ်စားလှယ် အဖွဲ့သည် ကိုင်ရိုမြို့သို့ နောက်၂ရက်အတွင်း ရောက်ရှိမည်ဖြစ်ကြောင်း ယင်းနေ့တွင် ပြောကြားခဲ့သည်။