အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက တူရကီအား အရေးယူမှုများ တန်ပြန်ပြုလုပ်မည်ဟု ကြေညာ

(GMT+08:00)2024-05-04 12:51:49  

ဒေသစံတော်ချိန် မေလ ၃ ရက်နေ့က အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ကြေညာချက် ထုတ်ပြန်ခဲ့ရာ တူရကီ၏ အစ္စရေးနှင့် ကုန်သွယ်မှု အားလုံးကို ယာယီ ဆိုင်းငံ့ထားရန် ဆုံးဖြတ်ချက်ကို တုံ့ပြန်သည့်အနေနှင့် တန်ပြန်အရေးယူမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနသည် စီးပွားရေးဝန်ကြီးဌာန၊ အကောက်ခွန်ဌာနတို့နှင့် ဆွေးနွေးပြီးနောက် တူရကီ၏ ဂျော်ဒန် မြစ် အနောက်ဘက်ကမ်းနှင့် ဂါဇာဒေသ တို့နှင့် စီးပွားရေး ဆက်ဆံမှုကို လျှော့ ချရန်၊ တူရကီ၏ ကုန်သွယ်မှု သဘောတူစာချုပ် ချိုးဖောက်သည့်လုပ်ရပ်အပေါ် နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေးအဖွဲ့ အရေးယူမှု ပြုလုပ်ဖို့ တွန်းအားပေးရန်အတွက် ဆောင်ရွက်မည်ဟု ဆုံးဖြတ်လိုက်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် အစ္စရေးဘက်သည် တူရကီ သွင်းကုန်များအတွက် အစားထိုးကုန်စည် အမည်စာရင်းကို ရေး ဆွဲပြီး တူရကီ၏ ဆုံးဖြတ်ချက်ကြောင့် ထိခိုက်မှု ခံရသော ပို့ကုန် ကဏ္ဍများကို ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက ၃ ရက်နေ့တွင် ကြေညာခဲ့သည်။

အစ္စရေး စီးပွားရေးလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီးက အစ္စရေးသည် တူရကီ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အား တိုင်ကြားနေပြီဖြစ်ကြောင်း ၃ ရက်နေ့က လူမှုမီဒီယာတွင် ဖော်ပြထားသည်။