ရှန်ဟိုင်းမြို့ စူးကျိုးမြစ် အနားမှာရှိ ဧရာမ “ကောင်းကင်သစ်တော”

(GMT+08:00)2024-05-04 12:54:52  

မေလ ၃ ရက်နေ့က ရှန်ဟိုင်းမြို့ စူးကျိုးမြစ် အရှေ့ဘက်ခြမ်းတွင် စိမ်းလန်းသောသစ်ပင်ထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည့် အထူးပုံသဏ္ဍာန်ရှိသော အဆောက်အဦးသည် May Day အားလပ်ရက်ကို လာရောက်လည်ပတ်ရန် ခရီးသည် အများအပြားအား ဆွဲဆောင်ခဲ့ပါသည်။ အထူးပုံသဏ္ဍာန်ရှိသော အဆောက်အအုံ၏ မူလနေရာသည် စွန့်ပစ်ထားသည့် ပန်းခြံတစ်ခုဖြစ်ပါသည်။ ၎င်းအား ကွန်ကရစ်ဖြင့် တောင်ပုံအဖြစ် တည်ဆောက်ကာ  ရှုခင်းသစ်ပင်များကို စိုက်ပျိုးလိုက်သောကြောင့် ဆန်းသစ်သော မြို့ပြ အမှတ် အသား အဆောက်အအုံ တစ်ခု ဖြစ်လာပါသည်။