မော်စကိုမြို့တွင် ယူကရိန်းအား အနောက်နိုင်ငံများမှ ကူညီပံ့ပိုးသော လက်နက်နှင့် ပစ္စည်းကိရိယာများပြပွဲကို ကျင်းပ

(GMT+08:00)2024-05-04 13:29:42  

ဒေသစံတော်ချိန် မေလ ၁ရက်နေ့မှစတင်၍ ရုရှားနိုင်ငံသည် မော်စကိုမြို့ရှိ  အောင်ပွဲ ဥယျာဉ်တွင် "History Repeats Itself" ခေါင်းစဉ်ဖြင့် ယူကရိန်းနိုင်ငံအား အနောက် နိုင်ငံများမှ ကူညီပံ့ပိုးသော လက်နက်နှင့်ပစ္စည်းကိရိယာများပြပွဲကို ကျင်းပခဲ့ ပါသည်။

ဤပြပွဲသည် မေလ ၃၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး  ဗြိတိန်၊ အမေရိ ကန်၊ ဂျာမနီ၊ သြစတြေးလျတို့မှ ယူကရိန်းအား ကူညီပံ့ပိုးသော အကြီးစားလက်နက်နှင့် စက်ကိရိယာ စုစုပေါင်း ၃၂ ခုကို ပြသထားကာ ယင်းလက်နက်နှင့် စက်ကိရိယာများ သည် ရုရှား စစ်တပ်မှ  ရှေ့တန်းစစ်မြေပြင်တွင် သိမ်းပိုက်ရရှိခဲ့ ခြင်းဖြစ်ပါသည်။