Chang'e-6 လကမ္ဘာစူးစမ်းရေးယာဉ်ကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2024-05-04 12:06:59  

   မေလ ၃ ရက်နေ့ ညနေ ၅ နာရီ ၂၇ မိနစ်တွင် Chang'e-6 လကမ္ဘာစူးစမ်းရေးယာဉ်ကို ဝင်ချမ်း အာကာသ လွှတ်တင်ရေးစခန်း၌ Long March 5 Yao-8 သယ်ဆောင်ဒုံးပျံဖြင့် အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် ဖြစ်သည့် လကမ္ဘာ၏ ကျောဖက်တွင် နမူနာယူပြီး ကမ္ဘာမြေသို့ ပြန်လာခြင်း ခရီးစဉ် စတင်လိုက်သည်ဟု တရုတ်နိုင်ငံတော် အာကာသ လုပ်ငန်းဦးစီးဌာနမှ သတင်းဖော်ပြခဲ့သည်။

   Chang'e-6 လကမ္ဘာစူးစမ်းရေးယာဉ်ကို လွှတ်တင်ခြင်းမှ ပြန်လာခြင်းအထိ စုစုပေါင်း ၅၃ ရက်ခန့် ကြာမြင့်မည် ဖြစ်ပြီး Magpie Bridge 2 Relay Star ၏ ထောက်ခံမှုဖြင့် ပထမဆုံးအကြိမ် အဖြစ် လကမ္ဘာ၏ ကျော်ဖက်တွင် နမူနာယူပြီး ပြန်လာခြင်း တာဝန်ကို ဖော်ဆောင်မည် ဖြစ်၍ တစ်ချိန်တည်းတွင် လကမ္ဘာ၏ ကျောဖက်ရှိ ဆင်းသက်ရာဇုန်တွင် တိုင်းတာစုံစမ်းမှုများပြုလုပ်ခြင်း၊ လကမ္ဘာ နမူနာများကို စမ်းသပ်ခန်းတွင် တိုင်းတာလေ့လာခြင်း စသည့် သိပ္ပံနည်းဆိုင်ရာ စူးစမ်းလေ့လာမှုများကိုလည်း ပြုလုပ်မည် ဖြစ်ကာ လကမ္ဘာ ဖြစ်တည်ခြင်း အရင်းအမြစ်နှင့် ဆင့်ကဲ ပြောင်းလဲရေး သမိုင်းဖြစ်စဉ်ဆိုင်ရာ လေ့လာမှုများ နက်ရှိုင်းစေမည် ဖြစ်ပါသည်။

   ယခုအကြိမ် Chang'e-6 လကမ္ဘာစူးစမ်းရေး တာဝန်တွင် လက်တွေ့ကျ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပြုလုပ်ပြီး ဥရောပ အာကာသ အေဂျင်စီမှ လကမ္ဘာ negative ion analyzer စက်ကိရိယာ၊ ပြင်သစ်မှ လကမ္ဘာ Radon ဓာတ်ငွေ့ တိုင်းတာရေး ကိရိယာ၊ အီတလီမှ Laser corner reflector ရောင်ပြန်ဟပ် ကိရိယာ၊ ပါကစ္စတန်မှ Cubic star အပါအဝင် လိုက်ပါတင်ဆောင်ခြင်း ပရောဂျက် လေးခုကိုလည်း ဖော်ဆောင်ပေးနေသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်