သမ္မတရှီကျင့်ဖိန်၏ အလည်အပတ်ခရီးစဉ်သည် ဟန်ဂေရီ-တရုတ်ဆက်ဆံမှု အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်မည်ဟု မျှော်လင့်ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးဆို

(GMT+08:00)2024-05-04 12:08:51  

      မကြာခင်ရက်များက တရုတ်ပြည်သို့လာရောက်ခရီးလှည့်လည်ခဲ့သည့် ဟန်ဂေရီနိုင်ငံ ခြားရေးဝန်ကြီး စီလ်ဒိုသည် China Media Group သတင်းထောက်၏ အင်တာဗျူးကို လက်ခံဖြေကြားခဲ့ပါသည်။ စီလ်ဒိုက ဟန်ဂေရီနိုင်ငံသည် တရုတ်နိုင်ငံနှင့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှုကို အမြဲတမ်း အလေးထားကြောင်း၊ ယခုအကြိမ် သမ္မတ ရှီကျင့်ဖိန်၏ အလည်အပတ်ခရီးစဉ်သည် ဟန်ဂေရီ-တရုတ်ဆက်ဆံမှု အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်မည်ဟု မျှော်လင့်ကြောင်း၊ သမ္မတရှီကျင့်ဖိန်၏ ဟန်ဂေရီ-တရုတ်ဆက်ဆံမှု နက်ရှိုင်းစေရေး အမြဲတွန်းအားပေးခြင်းကို မိမိတို့ ကျေးဇူးတင်ရှိ ကြောင်း၊ သမ္မတရှီကျင့်ဖိန်၏ ထောက်ခံအားပေးခြင်း ဖြင့် ဟန်ဂေရီ-တရုတ် ပူးပေါင်း ဆောင်ရွက်မှု သည် ထိရောက်စွာ တိုးတက်ခဲ့ကြောင်း၊ ယခုအကြိမ် သမ္မတ ရှီကျင့်ဖိန်၏ ဟန်ဂေရီခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေး အဆင့်မြှင့်တင်နိုင်မည်ဟု မိမိ ယုံကြည်ပါကြောင်း၊ Belt and Road အဆိုပြုချက် မူဘောင်တွင် စက်မှုဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက်များစွာကို ချောမွေ့စွာ စတင်နိုင်စေရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ ပါသည်။