သမ္မတရှီကျင့်ဖိန်သည် ဆာဗီးယားသို့ခရီးလှည့်လည်ပြီး နှစ်နိုင်ငံ "သံမဏိ" ချစ်ကြည်ရေးကို ဆက်လက် တိုးမြှင့်ရန် မျှော်လင့်ဟု ဆာဗီးယား ဆို

(GMT+08:00)2024-05-04 12:08:21  

မေလ ၅ရက်နေ့မှ ၁၀ရက်နေ့အထိ တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်၊ ဆာဗီးယားနှင့် ဟန်ဂေရီနိုင်ငံများသို့ တရားဝင် ခရီးလှည့်လည်မည်ဖြစ်သည်။ လက်ရှိ ဆာဗီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပူလ်နာပူချီသည် ၂၀၁၇ခုနှစ်မှ ၂၀၂၄ခုနှစ်အထိ ဆာဗီးယားဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ China Media Group သတင်းထောက်၏ သီးသန့် အင်တာဗျူးတွင် သမ္မတရှီကျင့်ဖိန် ဆာဗီးယားသို့လာရောက်လည်ပတ်ရန် ဆာဗီးယားက စောင့်မျှော်နေပြီး တရုတ်နှင့် "သံမဏိ" ချစ်ကြည်ရေးကို ဆက်လက် တွန်းအား ပေးမည်ဖြစ်ကြောင်း ပူလ်နာပူချီက ဖော်ပြခဲ့ပါသည်။