ရှီကျင့်ဖိန်သည် ခေတ်သစ် လူငယ်များအား အမှာစကား ပြောကြားပြီး တစ်ပြည်လုံးမှ လူငယ်များအား လူငယ်များနေ့ ထောမနာပြု နှုတ်ခွန်းဆက်သ

(GMT+08:00)2024-05-04 12:05:32  

   မေလ ၄ ရက် လူငယ်များနေ့ ကျရောက်လာသည့် အခါသမယတွင် တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပါတီဗဟိုကော်မတီ ကိုယ်စား တစ်ပြည်လုံးမှ လူငယ်များအား လူငယ်များနေ့ ထောမနာပြုပြီး စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်းဆက်သခဲ့ပါသည်။

   ရှီကျင့်ဖိန်က ခေတ်သစ် ခရီးစဉ်သစ်တွင် တစ်ပြည်လုံးရှိ တိုင်းရင်းသား ပေါင်းစုံမှ လူငယ်များသည် ပါတီနှင့် ပြည်သူများ၏ ဆော်သြချက်များနှင့်အညီ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး၊ ကျေးလက်ဒေသ ရှင်သန်ဖွံ့ဖြိုးရေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာများအား ဝန်ဆောင်မှုပေးရေး၊ နိုင်ငံတော် ကာကွယ်ရေး စသည့်နယ်ပယ်များတွင် တက်ကြွစွာ ရှေ့တန်းပြေး ကြိုးပမ်းအားထုတ် ဆောင်ရွက်ကာ ယုံကြည် တက်ကြွ စိတ်အား ထက်သန်မှုများ ပေါ်လွင် ရမည် ဖြစ်ကြောင်း၊ ပါတီဗဟိုကော်မတီ အနေနှင့် လူငယ်များအပေါ် ယုံကြည်မှုနှင့် မျှော်လင့်ချက်များ ထားရှိနေကြောင်း ပြောကြားခဲ့ပါသည်။