အမြင့်ဆုံး 48.2℃၊ မြန်မာနိုင်ငံတွင် အပူဆုံးသော ဧပြီလနှင့် ကြုံတွေ့

(GMT+08:00)2024-05-04 13:26:24  

   ယခုလောလောဆယ်တွင် မြန်မာနိုင်ငံတစ်ဝှမ်း၌ အလွန်အမင်း ပူပြင်းသော ရာသီဥတုနှင့် ကြုံတွေ့နေရသည်။ မြန်မာ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ နောက်ဆုံး ထုတ်ပြန်သော အချက်အလက်များအရ ယခုနှစ် ဧပြီလသည် မြန်မာနိုင်ငံသမိုင်းတွင် အပူဆုံးသော ဧပြီလပင် ဖြစ်ပြီး မြန်မာနိုင်ငံ တစ်ပြည်လုံးရှိ ဒေသ ၁၀ ခုကျော်တွင် အမြင့်ဆုံး အပူချိန်သည် ဒေသခံ မိုးလေဝသဌာနမှ အပူဆုံးစံချိန်ကို ကျော်လွန်ခဲ့ကာ မကွေးတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီး  အပါအဝင် ဒေသများစွာသည် ကမ္ဘာတစ်ဝှမ်း အပူဆုံးဒေသများ အမည် စာရင်း တွင် ပါ ဝင်ခဲ့ပါသည်။

   မကွေးတိုင်းဒေသကြီးတွင် အပူချိန် 48.2℃အထိတောင် မြင့်တက်ခဲ့ဖူးပြီး ယင်းသည် ၎င်း ဒေသရှိ မိုးလေဝသဌာနမှ ၅၆ နှစ်အတွင်း မှတ်တမ်းတင်ထားသည့် အပူဆုံးသော အပူချိန် ဖြစ်ရုံသာမက မြန်မာ တစ်ပြည်လုံးမှ အမြင့်ဆုံးသော အပူချိန် မှတ်တမ်းလည်း ဖြစ်ပါသည်။

   အလွန်အမင်း ပူပြင်းသော ရာသီဥတုကြောင့် မြန်မာနိုင်ငံ ဒေသအရပ်ရပ် ရှိ ပြည်သူ လူထုများ အပူဒဏ်ကြောင့် မူးမေ့ သေဆုံးမှုတွေလည်း ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိ ပါ သည်။