၂၀၂၄ခုနှစ် “Souffle D'Orient” တရုတ်ယဉ်ကျေးမှုပြပွဲကို ပြင်သစ်နိုင်ငံတွင် ကျင်းပ

(GMT+08:00)2024-05-03 12:50:12  

၂၀၂၄ခုနှစ် “Souffle D'Orient” တရုတ်ယဉ်ကျေးမှုပြပွဲကို မေလ ၁ရက်နေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ နိုင်ငံတကာကုန်စည်ပြပွဲတွင် ကျင်းပခဲ့ပါသည်။ ၄င်းပြပွဲတွင် “ယဉ်ကျေးမှုဂန္ထဝင်မှ သာယာသောနေထိုင်မှုဘဝအထိ” ဟူသော ဆောင်ပုဒ်ဖြင့် တရုတ် ယဉ်ကျေးမှုပြခန်း၊ ဗဟိုလှုပ်ရှားမှုပြခန်း၊ ဘေကျင်းယဉ်ကျေးမှုပြခန်းနှင့် အထူးယဉ်ကျေးမှု ပြခန်းအပါအဝင် ပြခန်း၄ခုကို ထားရှိပြီး ယဉ်ကျေးမှုကုန်ပစ္စည်းများ၊ အနုပညာ ဖျော်ဖြေတင်ဆက်မှုများ၊ ယဉ်ကျေးမှုဆန်းသစ်တီထွင်ရေးကုန်ပစ္စည်းများ ပြသရောင်းချ မှုများနှင့် ယဉ်ကျေးမှုဖျော်ဖြေရေးခံစားမှုများ ပေါင်းစပ်ကာ တရုတ်လူမျိုးတို့၏ ရှည်ကြာ သောသမိုင်း၊ တရုတ်ယဉ်ကျေးမှု၏ တမူထူးခြားသော ဆွဲဆောင်မှုနှင့် တရုတ်ယဉ်ကျေးမှု၏ ခေတ်သစ်အောင်မြင်မှုများကို ပြသထားပါသည်။