“ရှီကျင့်ဖိန်နှင့် တက္ကသိုလ်ကျောင်းသူကျောင်းသားမိတ်ဆွေများ”စာအုပ် ဒုတိယတွဲကို ပုံနှိပ် ထုတ်ဝေ

(GMT+08:00)2024-05-03 12:49:14  

တရုတ်လူငယ်ပုံနှိပ်ထုတ်ဝေရေးဌာနသည် “ရှီကျင့်ဖိန်နှင့် တက္ကသိုလ်ကျောင်းသူ ကျောင်းသား မိတ်ဆွေများ”စာအုပ် ဒုတိယတွဲကို မကြာသေးမီက တရုတ်နိုင်ငံတွင် ပုံနှိပ် ထုတ်ဝေခဲ့ပါသည်။
    ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလက “ရှီကျင့်ဖိန်နှင့် တက္ကသိုလ်ကျောင်းသူကျောင်းသား မိတ်ဆွေများ” စာအုပ်ကို ပုံနှိပ်ထုတ်ဝေပြီးနောက် လူငယ် ကျောင်းသူကျောင်းသားများ၏ ကြိုက်နှစ်သက်မှုကို ခံခဲ့ရ ပါသည်။
    “ရှီကျင့်ဖိန်နှင့် တက္ကသိုလ်ကျောင်းသူကျောင်းသား မိတ်ဆွေများ”စာအုပ် ဒုတိယတွဲ တွင် အင်တာဗျူး ၂၄ပုဒ်ဖြင့် ရဲဘော် ရှီကျင့်ဖိန် သည် ဒေသန္တရ အစိုးရနှင့် ဗဟိုအစိုးရတွင် တာဝန် ထမ်းဆောင်ရာ၌ တက္ကသိုလ်ကောလိပ်များသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး ကျောင်းသူ ကျောင်းသား များအား စောင့်ရှောက်ကာ လမ်းညွှန်ခဲ့သည့် အသက်ဝင်ပုံပြင်များ ကို ရှင်းလင်းဖော်ပြထားပါသည်။ ရဲဘော် ရှီကျင့်ဖိန်သည် တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ ကြီးပြင်းလာခြင်း နှင့် အရည်အချင်းရှိသူဖြစ်လာခြင်းကို အမြဲတမ်း အလေးထားသည်ကို အပြည့်အဝပြဆိုနိုင်ပါသည်။ “လူငယ်မိတ်ဆွေများ အတွက် ယုံကြည်စိတ်ချရသူ၊ လူငယ် လုပ်ငန်း အတွက် စိတ်အားထက်သန်သူ၊ လူငယ်များအတွက် လမ်းပြသူ”ဟူသော ရှီကျင့်ဖိန် ၏ ထွန်းလင်းတောက်ပသော စံနမူနာကို ပြသနေပါသည်။