UCLA ၌ ဆန္ဒပြသူ ၁၃၂ ဦးကို အမေရိကန် ရဲတပ်ဖွဲ့မှ ဖမ်းဆီး

(GMT+08:00)2024-05-03 12:34:39  

ဒေသစံတော်ချိန် မေလ ၂ ရက်နေ့ နံနက်ပိုင်းက အမေရိကန်ရဲတပ်ဖွဲ့သည် UCLA ကျောင်းဝင်းအတွင်း၌ ဆန္ဒပြသူစခန်းများကို ဖြိုဖျက်လိုက်ပြီး ဆန္ဒပြသူ ၁၃၂ ဦးတို့ကို ဖမ်းဆီးခဲ့သည်ဟု CNNမှ ဖော်ပြချက်အရသိရပါသည်။ ပြီးခဲ့သည့်ရက်များက အမေရိကန်နိုင်ငံ ဝါရှင်တန်၊ နယူးယောက်၊ အတ္တလန်တာနှင့် လော့စ်အိန်ဂျလိစ်စသည့် ဒေသများမှ တက္ကသိုလ်များတွင် ဆန္ဒပြလှုပ်ရှားမှုများဖြစ်ပွားခဲ့ပါသည်။ ဆန္ဒပြသူများက အစ္စရေးအပေါ် စစ်ရေးပံ့ပိုးမှု ရပ်စဲရန် အမေရိကန်အစိုးရအား တောင်းဆိုထားပြီး ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ် ရပ်စဲရန် ပန်ကြားခဲ့ကြသည်ဟု သိရပါသည်။