ပထမ ၃ လပတ်တွင် တရုတ်ဝန်ဆောင်မှုကုန်သွယ်ရေး လျင်မြန်စွာ တိုးလာ

(GMT+08:00)2024-05-02 16:12:01  

   တရုတ် စီးပွားကုန်သွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၄ ခုနှစ် ပထမ ၃လပတ်တွင် တရုတ်နိုင်ငံ၏ ဝန်ဆောင်မှု ဆိုင်ရာ သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏသည် တရုတ်ယွမ်ငွေ ၁.၈၁၆၇၄ ထရီလီယံဖြစ်ပြီး ယမန်နှစ်အလားတူအချိန်ပိုင်း ကထက် ၁၄.၇ ရာခိုင်နှုန်းတိုးလာခဲ့သည်ဟု သိရပါသည်။

   ပထမ ၃ လပတ်တွင် ခရီးသွားဝန်ဆောင်မှု  အရှိန်အဟန်ဖြင့် ဆက်လက် တိုးတက်လာပြီး ခရီးသွားဝန်ဆောင်မှု သွင်းကုန်ပို့ကုန်ပမာဏသည်  ယွမ် ၄၈၀.၀၈ ဘီလီယံရှိပြီး ၄၂.၂ ရာခိုင်နှုန်းတိုးလာကာ ဝန်ဆောင်မှုကုန်သွယ်ရေး၏ အကြီးဆုံး နယ်ပယ်ဖြစ်သည်ဟု သတင်းအရသိရပါသည်။