ကွမ်တုန်းပြည်နယ် မေကျိုးမြို့ မေတာ့အမြန်လမ်း ချာရမ်ပိုင်း မြေပြိုမှုဘေးအန္တရာယ်အတွက် ရှီကျင့်ဖိန်သည် အရေးကြီးညွှန်ကြားချက်များ ထုတ်ပြန်

(GMT+08:00)2024-05-02 16:11:02  

မေလ ၁ရက်နေ့ နံနက် ၂နာရီ ၁၀မိနစ်ခန့်တွင် ကွမ်တုန်းပြည်နယ် မေကျိုးမြို့ မေတာ့အမြန်လမ်း ချာရမ်ပိုင်းမှာ မြေပြိုမှုဘေးအန္တရာယ်ဖြစ်ပွားခဲ့ပြီး ၂ရက်နေ့ နံနက် ၆နာရီအထိ ဘေးအန္တရာယ်ကြောင့် လူ၃၆ဦးသေဆုံးပြီး  ၃၀ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ သိရပါသည်။

ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌရှီကျင့်ဖိန်က လွန်စွာ ဂရုစိုက်၍ အရေးကြီး ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့ကြောင်း၊ ထုတ်ပြန်ချက်တွင် ကွမ်တုန်းပြည်နယ် မေကျိုးမြို့ မေတာ့အမြန်လမ်း ချာရမ်ပိုင်း မြေပြိုမှုဘေးအန္တရာယ်ကြောင့် အသေအပျောက်များ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးနှင့် ကုသရေးများကို အစွမ်းကုန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နောက်ဆက်တွဲ ဆောင်ရွက်စရာ စသည့်လုပ်ငန်းများကို စနစ်တကျ ကောင်းမွန်သင့််လျော်စွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပျက်စီးသွားသောလမ်းများကို အမြန်ဆုံး ပြန်လည် ပြုပြင်ပြီး လမ်းပန်းဆက်သွယ်ရေးစနစ်များ ပုံမှန်ပြန်ဖြစ်စေရန် အမြန်ဆုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။