ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ ပါဝင်ခြင်းနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken၏ ထုတ်ပြန်ကြေညာချက်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမှ သတင်းထောက်များ၏ မေးမြန်းမှု များအား ဖြေကြားချက်

(GMT+08:00)2024-05-02 22:27:02  

ကမ္ဘာ့ကျန်းမာရေး ညီလာခံတွင် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ ပါဝင်မှုနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken၏ထုတ်ပြန်ကြေညာချက်နှင့် စပ်လျဉ်း၍ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူသည် သတင်းထောက်များ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်မှ သတင်းကို ကိုးကား၍ CCTV.COMက ဖော်ပြပါသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က ယခုနှစ် ကမ္ဘာ့ကျန်းမာရေး ညီလာခံတွင် ထိုင်ဝမ်အား လေ့လာသူအဖြစ် ပါဝင်နိုင်အောင် ဖိတ်ခေါ်ရန် WHOအား အမေရိကန်မှ ပြင်းပြင်းထန်ထန် တိုက်တွန်းအားပေးကြောင်း မေလ ၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် ခဲ့ပါသည်။ ယင်းထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ သတင်းထောက်၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက  အမေရိကန်၏ သက်ဆိုင်ရာ ထုတ်ပြန်ချက်သည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ရပ်အား ပြင်းပြင်းထန်ထန် ကျောခိုင်းခြင်း ဖြစ်ကြောင်း၊ ယင်းအပေါ် တရုတ်ဘက်မှ ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်မိပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊   ကမ္ဘာပေါ်တွင် တရုတ် နိုင်ငံ တစ်နိုင်ငံတည်းသာရှိ ပြီး ထိုင်ဝမ်သည် တရုတ် ပိုင်နက်နယ်မြေ၏ ခွဲမရသော အစိတ်အပိုင်း ဖြစ်ကြောင်း၊ အမေရိကန်၏ သက်ဆိုင်ရာ ထုတ်ပြန်ချက်သည် အထင်အမြင် တလွဲတချော်ဖြစ်အောင် လုပ်နေခြင်း ဖြစ်၍ အတွင်းသရုပ်မှာ ထိုင်ဝမ် သီးခြားတည်ရှိရေးနှင့် ခွဲထွက်ရေး လှုပ်ရှားမှုများကို ထောက်ခံအားပေးခြင်းပင် ဖြစ်ကြောင်း ရှုတ်ချပြောဆိုခဲ့ပါသည်။

ထို့အပြင် ၄င်းက ထိုင်ဝမ် ပြဿနာသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများတွင် အဓိက အကျဆုံးဖြစ်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ဖြတ်ကျော်၍မရသော အခြေခံ စည်းမျဉ်း ဖြစ်ကြောင်း၊ မိမိတို့သည် တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ရပ်ကို လိုက်နာစောင့်စည်းရန်၊ နိုင်ငံတကာ စည်းမျဉ်းဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံမူများကို လိုက်နာ ဆောင်ရွက်ရန်နှင့် ထိုင်ဝမ်သီးခြားတည်ရှိရေးနှင့် “တရုတ်ပြည်နှစ်ပြည်”၊ “တရုတ်တစ်ခု၊ ထိုင်ဝမ်တစ်ခု”ကို မထောက်ခံသည့် အမေရိကန်ခေါင်းဆောင်၏ ကတိပြုချက်များကို လက်တွေ့ အကောင် အထည်ဖော်ဆောင်ရန်၊  ကမ္ဘာ့ကျန်းမာရေးညီလာခံကို အကြောင်းပြုပြီး ထိုင်ဝမ်နှင့် ပတ်သက်သော ပြဿနာများကို သတင်းဖြန့်ခြင်းကို ရပ်စဲရန်၊  "ထိုင်ဝမ်သီးခြားတည်ရှိရေး" ခွဲထွက်ရေးသမားများထံ မှားယွင်းသောအချက်ပြမှုများကို ရှောင်ကြဉ်ရန် အမေရိကန်အား ထပ်မံတိုက်တွန်းကြောင်းလည်း ပြောကြားခဲ့ပါသည်။