ပြင်သစ်မှ စစ်တမ်းဖြေဆိုသူ ၈၀% က တရုတ်နိုင်ငံရဲ့ လွှမ်းမိုးနိုင်စွမ်းကို ချီးကျူးခဲ့ကြ

(GMT+08:00)2024-05-02 16:13:52  

သမ္မတ ရှီကျင့်ဖိန် ပြင်သစ်နိုင်ငံသို့ တရားဝင် ခရီးစဉ် စတင်တော့မယ့်အချိန်မှာ China Media Group CGTN နဲ့ Remin University of China တက္ကသိုလ်တို့ ပူးပေါင်းပြီး New Era International Communication Research Institute မှတစ်ဆင့် ပြင်သစ်မှ ဖြေဆိုသူ ၁၅၁၃ ဦးကို ကောက်ယူခဲ့တဲ့ စစ်တမ်းမှာတော့ တရုတ်နိုင်ငံက လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အင်အားကြီးနိုင်ငံဖြစ်တယ်လို့ ဖြေဆိုသူ ၈၀.% က ယူဆခဲ့ကြပြီး တရုတ်နိုင်ငံက အောင်မြင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ ဖြေဆိုသူ ၇၀.% က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ခြင်းက ကမ္ဘာကြီးအတွက် အခွင့်အလမ်း ဖြစ်ပါတယ်။ ပြင်သစ်မှ စစ်တမ်းဖြေဆိုသူများက တရုတ်နိုင်ငံရဲ့ အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အဆင့်မြင့်စွာ ပြင်ပသို့တံခါးဖွင့်လှစ်မှု ဆိုင်ရာ အောင်မြင်မှုတွေကို များစွာအသိအမှတ်ပြု ကြတယ်လို့ စစ်တမ်းမှာ တွေ့ရပါတယ်။ ၎င်းအနက် ဖြေဆိုသူ ၉၁.% က တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုတွေကို ချီးကျူးခဲ့ကြပြီး ဒီမေးခွန်းကို အသက် ၁၈ နှစ်မှ ၂၄ နှစ်အကြား ဖြေဆိုသူ ၉၅.% ရှိပြီး ဝင်ငွေမြင့် ဖြေဆိုသူ ၉၇.% အထိ ရှိပါတယ်။ ဒါ့အပြင် ဖြေဆိုသူ ၈၉.% က တရုတ်နိုင်ငံရဲ့ စီးပွားရေး အရှိန်အဟုန်နဲ့ တိုးတက်နေခြင်းကို ချီးကျူးခဲ့ကြပြီး ဖြေဆိုသူ ၇၂.% က တရုတ်နိုင်ငံရဲ့စီးပွားရေးက ကမ္ဘာ့စီးပွားရေးအတွက် အရေးပါတဲ့ ပံ့ပိုးမှုတွေဖြစ်စေတယ်လို့ ယူဆကြပါတယ်။ နောက်ထပ် ဖြေဆိုသူ ၈၈.% က တရုတ်နိုင်ငံရဲ့ သိပ္ပံနည်းပညာစွမ်းပကား အားကောင်းတယ်လို့ ယူဆကြပြီး ဒီမေးခွန်းကို အသက် ၄၅ နှစ်မှ ၅၄ နှစ်အကြားနဲ့ အသက် ၅၅ နှင့်အထက် ဖြေဆိုသူတွေရဲ့ အချိုးအစားကတော့ ၈၉.% နဲ့ ၈၉.အသီးသီး ရှိကြပါတယ်။ ဖြေဆိုသူ ၇၆.% က ဒီနှစ်ပိုင်းမှာ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုနယ်ပယ်မှာ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုကြပါတယ်။ ဖြေဆိုသူ ၇၁.% က ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနည်းပညာနယ်ပယ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆန်းသစ်တီထွင်မှုအတွက် တရုတ်နိုင်ငံက ခွန်အားသစ်တွေ ဖြည့်တင်းပေးနေတယ်လို့ ယူဆကြပါတယ်။