မေဒေးအားလပ်ရက်၏ ပထမနေ့တွင် ယာဉ်အသွားအလာ များလှ

(GMT+08:00)2024-05-02 16:12:55  

မေဒေးအားလပ်ရက်၏ ပထမနေ့တွင် တစ်ပြည်လုံး ဒေသဖြတ်ကျော် သွားလာသည့် လူဦးရေသည် သန်း ၂၈၀ ကျော် ရှိပြီး ၂၀၁၉ ခုနှစ် မေဒေးအားလပ်ရက် ပထမနေ့ထက် ၁၅.၉ ရာခိုင်နှုန်းတိုးလာသည်ဟု ခန့်မှန်းရပါသည်။ ၎င်းတွင် မီးရထားဖြင့်သွားလာသည့် ခရီးသည်  ၂၀.၄ သန်း၊ ကားလမ်းဖြင့် ဒေသဖြတ်ကျော် သွားလာသည့် ခရီးသည် ၂၅၇ သန်း ၊ ရေကြောင်းဖြင့် သွားလာသည့် ခရီးသည် ၉ သိန်းနှင့် လေကြောင်းဖြင့် သွားလာသည့် ခရီးသည် ၂.၁၁ သန်းကျော်ရှိ သည်ဟု ခန့်မှန်းရပါသည်။