ပါလက်စတိုင်း-အစ္စရေးပြဿနာနှင့်ပတ်သက်ပြီး ကန်သည် ဗီတိုအာဏာကို အလွဲသုံးစား ပြုခြင်းမှာ တာဝန်ယူ တတ်သော နိုင်ငံကြီး လုပ်သင့်လုပ်ထိုက်သည် မဟုတ်ကြောင်း တရုတ်ကိုယ်စားလှယ် ဆို

(GMT+08:00)2024-05-02 16:14:23  

မေလ ၁ရက်နေ့က ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဗီတိုအာဏာ အသုံးပြုမှုဆိုင်ရာ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် Fu Cong က မိန့်ခွန်းပြောကြားရာတွင် ပါလက်စတိုင်း-အစ္စရေးပြဿနာနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံသည် ဗီတိုအာဏာကို ထပ်ခါတလဲလဲ အလွဲသုံးစားပြုသဖြင့် တာဝန်ယူ တတ်သော နိုင်ငံကြီး လုပ်သင့်လုပ်ထိုက်သည် မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။
    Fu Cong က “နှစ်နိုင်ငံတည်ရှိရေးအဆိုပြုချက်”ကို အကောင်အထည်ဖော်ရေးမှာ အရှေ့အလယ်ပိုင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် အရင်းခံနည်းလမ်းပင် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာသံတမန်ရေး ကြိုးပမ်းဆောင်ရွက်မှုများ မြင့်တင်ခြင်းဖြင့် “နှစ်နိုင်ငံတည်ရှိရေးအဆိုပြုချက်” နိုင်ငံရေးရှေ့အလားအလာကို ပြန်လည်အသက်သွင်း ရန် ပန်ကြားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပါလက်စတိုင်းမှ ကုလသမဂ္ဂတရားဝင်အဖွဲ့ဝင်နိုင်ငံဖြစ်လာရန် လျှောက်ထားမှုကို အမြန်ဆုံး ပြန်လည်စိစစ်ရန် ထောက်ခံပြီး နိုင်ငံအချို့သည် ယင်းအပေါ် အနှောင့်အယှက် ဆက်လက်မပြုလုပ်ရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီး နှင့်အတူ ပါလက်စတိုင်းပြဿနာကို ဘက်စုံတရားမျှတစွာ ရေရှည်ကိုင်တွယ်ဖြေရှင်းရန်၊ ပါလက်စတိုင်း-အစ္စရေးနှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်၊ အရှေ့အလယ်ပိုင်း ဒေသတွင် ရေရှည်ငြိမ်းချမ်းရေး ရရှိရန်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။