ပါကစ္စတန် တတ်သိပညာရှင်က တစ်ကမ္ဘာလုံးလုံခြုံရေးအဆိုပြုချက်ကို တန်ဖိုးထားချီးကျူး

(GMT+08:00)2024-05-02 16:14:54  

မကြာသေးမီက ပါကစ္စတန် The News သတင်းစာဝက်ဘ်ဆိုက်တွင် ပါကစ္စတန် တတ်သိပညာရှင်များအဖွဲ့ဖြစ်သည့် အာရှတိုက်ဂေဟယဉ်ကျေးမှုသုတေသနနှင့် ဖွံ့ဖြိုး တိုးတက်မှုသုတေသနဌာန မှ စီအီးအို Shakeel Ahmad Ramay ရေးသားသော “တစ်ကမ္ဘာလုံးလုံခြုံရေးအဆိုပြုချက်- လူကိုအခြေခံသော လုံခြုံရေးအဆိုပြုချက်”ဟူသော ဆောင်းပါးကို ဖော်ပြထားပါသည်။ ၄င်းဆောင်းပါးတွင် တစ်ကမ္ဘာလုံးလုံခြုံရေး အဆိုပြုချက်ကို တန်ဖိုးထားချီးကျူးပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ကာကွယ် ထိန်းသိမ်းရန်၊ အတူတကွဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော အကျိုးပြုစွမ်းဆောင်မှုများကို တန်ဖိုးထားချီးကျူးခဲ့ပါသည်။