မေလအားလပ်ရက်များအတွင်း ထိုင်းနိုင်ငံသည် တရုတ်ခရီးသည် ၂၃၀,၀၀၀ ကို ကြိုဆိုမည်

(GMT+08:00)2024-05-02 16:13:21  

ယခုနှစ် မတ်လ ၁ ရက်နေ့တွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် တရားဝင် အသက်ဝင်ခဲ့သည်။ ထိုင်းနိုင်ငံ၏ ခရီးသွားလာရေး ဌာန၏ ခန့်မှန်းချက်အရ ယခုနှစ် မေလအားလပ်ရက်များအတွင်း တရုတ်ခရီးသည် ၂၃၀,၀၀၀ ကို ကြိုဆိုမည် ဖြစ်ပြီး တရုတ် ခရီးသည်ဦးရေသည် ထိုင်းနိုင်ငံရှိ နိုင်ငံခြား ခရီးသည်များတွင် အများဆုံး ဖြစ်မြဲဖြစ်နေသေးကြောင်း သိရသည်။

ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ယခုနှစ် မတ်လ ၁ ရက်နေ့မှ စတင်အသက်ဝင်ခဲ့ပြီး ဧပြီလကုန် အထိ တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည် ၂ သန်းခန့် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကြောင်း တရုတ်နိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ပြောပါသည်။ ထိုင်းခရီးသွားလုပ်ငန်း  ဌာန၏ အဆိုအရ မေဒေးအားလပ်ရက်များ အတွင်း ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားဧည့်သည် ဦးရေသည် ယမန်နှစ် အလားတူ အချိန်ပိုင်း ကထက် ၇၅ ရာခိုင်နှုန်း တိုးလာကာ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဘတ်ငွေ ၉ ဒသမ ၁ ဘီလီယံအထိ ရရှိမည် ဖြစ်ကြောင်းသိရပါသည်။